DVB Logo
Home
မြန်မာသတင်း
ပြည်နယ်နှင့်တိုင်း ၆ ခုရှိ လူဦးရေ ၄၂၀၀၀ ခန့် ရေဘေးသင့်နေ
DVB
·
August 11, 2020
ပြည်နယ်နှင့်တိုင်း ၆ ခုရှိ လူဦးရေ ၄၂၀၀၀ ခန့် ရေဘေးသင့်နေ
Donate to DVB

မြန်မာနိုင်ငံတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီး  ၆ ခုမှာ အိမ်ထောင်စုပေါင်း ၁၀၀၀၀ လူဦးရေ ၄၂၀၀၀ လောက်ရေဘေးသင့်နေကြတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရပါတယ်။ 

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊  တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ရေဘေးကြောင့် ဒေသခံတွေကို နေရာပြောင်းရွှေ့ပေးထားရတာလို့  ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

ဇူလိုင် ၁၁ ရက်ကစပြီး ပြည်နယ်တိုင်း ၈ ခုမှာ ရေဘေးသင့်ခဲ့ပြီး အိမ်ထောင်စု ၁၉၀၀၀လောက် လူဦးရေ ၇၈၀၀၀ ကျော်ကို ကယ်ဆယ်ရေး လုပ်ပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အခုနှစ်မုတ်သုံရာသီမှာ  မြန်မာနိုင်ငံတဝန်း ရေကြီးရေလျှံတာတွေကြောင့် မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်မှာ လူ ၂၅,၀၀၀ လောက် ရေဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပြီး အများစုကတော့ ယာယီဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ တာကျိုးပေါက်ပြီး  ဒေသခံ ၁၆၀၀၀ လောက် ရေဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေခဲ့ရသူတွေ အားလုံး နေရပ်ပြန် သွားကြပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013