DVB Logo
Home
မြန်မာသတင်း
အမ်းမြို့အဝင်ဂိတ်တွင် ဖမ်းဆီးခံရခဲ့ရသူအား ပြန်လွှတ်ပေးရန် မိသားစု တောင်းဆို
DVB
·
August 9, 2020
အမ်းမြို့အဝင်ဂိတ်တွင် ဖမ်းဆီးခံရခဲ့ရသူအား ပြန်လွှတ်ပေးရန် မိသားစု တောင်းဆို
Donate to DVB

တရုတ်နိုင်ငံမှာ အလုပ်လုပ်ဖို့ သွားတဲ့ လူငယ် ၁ ဦး အမ်းမြို့နယ်အဝင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပြီး ပြန်လွှတ်ပေးဖို့ မိသားစုက တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သုံးပါတ်ချိုင်ကျေးရွာက ကိုအောင်သိန်းထွန်းပါ လူ ၅ ဦးဟာ တရုတ်နိုင်ငံကို အလုပ်လုပ်ကိုင်ဖို့ သြဂုတ် ၄ ရက်နေ့က မင်းပြားမြို့နယ်ကနေ ရွှေလမင်းခရီးသည်တင်ယာဉ်နဲ့ လိုက်ပါလာရာ အမ်းမြို့နယ်အဝင်ရှိ တပ်မတော်စစ်ဆေးဂိတ်အရောက်မှာ ယာဉ်ပေါ်လိုက်ပါလာသူတွေကို စစ်ဆေးခဲ့ပြီးနောက် ကိုအောင်သိန်းထွန်းအား ဖမ်းဆီးခေါ်ဆောင်ထားတာလို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ကျနော့်သားက ရွာမှာလယ်လုပ်နေတဲ့သူတဦးပါ။ အဲဒါ အလုပ်အကိုင်မကောင်းလို့ ဆိုပြီးတော့ ရွာက မိသားစုဝင်တွေနဲ့ တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်မယ်ဆိုပြီး အကုန်လုံး ၅ ယောက်သွားကြတယ်။ အမ်းမြို့နယ်အဝင် ၃၇၃ တပ်ဂိတ်ကိုရောက်တော့ ကားပေါ်မှာ ပါလာသူတွေအကုန်လုံးကို စစ်ဆေးတယ်လို့ ပြောတယ်။ အဲဒီလိုစစ်ဆေးတဲ့အချိန်မှာ ကျနော့်သားရဲ့ဖုန်းမှာ မသင်္ကာစရာတွေ့တယ်ဆိုပြီးတော့ ခေါ်ထားလိုက်တယ။ သူနဲ့သွားကြတဲ့ လူ ၄ ယောက်ကိုတော့ လွှတ်ပေးလိုက်တယ်လို့ သိရတယ်။ ကျနော်လည်း သားအဖမ်းခံရတယ်လို့သိရတဲ့အတွက် လိုက် လာပြီး အဲဒီတပ်စစ်ဆေးရေးဂိတ်ကို သွားမေးကြည့်တော့ သူနဲ့တွေ့ခွင့်မရဘူး၊ ၇ ရက်လောက်နေရင် တွေ့ခွင့်ရမယ်၊ သူမှာ စစ်ဆေးလို့အပြစ်မရှိရင်တော့ ပြန်လွှတ်ပေးမယ်ဆိုပြီး ပြောလိုက်တယ်။ ကျနော်ကတော့ သားအတွက်အရမ်းကိုစိုးရိမ်တယ်၊ တွေ့လည်း တွေ့ခွင့်ရစေချင်သလို ပြန်လွှတ်ပေးစေချင်တယ်။”

ကိုအောင်သိန်းထွန်း ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ထွန်းထွန်းညီနဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲဖြစ်ပွားလာတာဟာ ၂ နှစ်ဝန်းကျင်ရှိလာနေပြီး အရပ်ပြည်သူတွေ ထိခိုက်သေဆုံးတာတွေ၊ သံသယနဲ့ဖမ်းဆီးခံရတာတွေ တဖြည်းဖြည်းတိုးလာနေသလို စစ်ဘေးရှောင်ဦးရေဟာလည်း ၂ သိန်းဝန်းကျင်ထိ ရှိလာနေပြီလို့ အရပ်ဘက်အဖွဲ့အစည်းတွေက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013