DVB Logo
Home
မြန်မာသတင်း
ကိုဗစ်​ထောက်ပံ့​ငွေ အပြည့်အဝမရသည့်ကိစ္စ ဇီး​တော​ကျေးရွာသားများ တိုင်ကြား
DVB
·
July 31, 2020
ကိုဗစ်​ထောက်ပံ့​ငွေ အပြည့်အဝမရသည့်ကိစ္စ ဇီး​တော​ကျေးရွာသားများ တိုင်ကြား
Donate to DVB

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဇီး​တော​ကျေးရွာမှာ အစိုးရကပေးတဲ့ ​တတိယအကြိမ် ကိုဗစ်-၁၉  ​ထောက်ပံ့​ငွေနဲ့ပတ်သက်ပြီး နိုင်ငံ​တော်ကသတ်မှတ်​ပေးထားတဲ့အတိုင်း အပြည့်အဝမရကြလို့ ​ဒေသခံပြည်သူ​တွေ သက်ဆိုင်ရာအဆင့်ဆင့်ကို တိုင်ကြားထားပါတယ်။

​ထောက်ပံ့​ကြေး​ရသူတွေအထဲမှာ တိုက်ပိုင် ကားပိုင်​ရှိတဲ့သူတွေပါသလို တကယ်မရှိတဲ့ ဆင်းရဲသား​တွေကျန်​နေပြီး ထောက်ပံ့​ကြေး​ဟာလည်း နိုင်ငံ​တော်က​ပေးတဲ့ ကျပ် ၂၀,၀၀၀ နှုန်း အပြည့်မရဘဲ ကျပ်  ၁၅,၀၀၀ နှုန်းသာ ​ပေးတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

ဇီး​တော​ကျေးရွာနေ ဒေါ်တူးက "မ​ကျေနပ်ကျ​တာ​တော့ အမှန်ပဲ။ ၂၀,၀၀၀ ​ပေးမယ်​ပြောပြီး​တော့ ၁၅,၀၀၀ ပဲ​ပေး​တယ်​လေ။ ကျမလည်း မ​ကျေနပ်ဘူး။ တကယ်မရှိဆင်းရဲတာမှ ဘယ်မှကိုမ​ သွားနိုင်ဘူး"လို့  ပြောပါတယ်။

​ဒေသခံ ​​ဒေါ်စိုးတင်ကလည်း"ဆန် ဆီ ဆား ​ပေးတုန်းက ကျမတို့ မရဘူး။ မရလို့သွား​ပြောမှ ၁၅,၀၀၀ ကျမှ ​ပေးပါတယ်။ အဲဒါ​ပေးပြီး​နောက် ၂၀,၀၀၀ ဆိုတာကလည်း ၁၅,၀၀၀ ပဲ​ပေးပါတယ်။ ပိုက်ဆံ ၁၅,၀၀၀ ကို လက်မှတ်ထိုးယူခဲ့ရတာ။ ၂၀,၀၀၀ လိုချင်ရင် ယင်းမာပင်သွားထုတ်လို့ ခိုင်းပါတယ်" ​ပြောပါတယ်။

​ထောက်ပံ့​ကြေးမရတဲ့  လက်လုပ်လက်စား ဦး​အောင်စိုးလင်းကလည်း "တိုက်ပိုင် ကားပိုင်​ ​တောင်သူ​တွေပဲ​ပေးသွားတာ။ သူတို့​တွေပဲရပြီး လက်လုပ်လက်စား​တွေ မရဘူးဆိုမှ​တော့ စဉ်းစားကြည့်အုံး​လေ။ အဆင့်အတန်းဘယ်လိုခွဲခြားသလဲဆိုရင်။ တကယ်တမ်းကျ မရှိဆင်းရဲသား ထောက်ပံ့​ပေးတဲ့ဟာကို။မိသားစုအတွက် နိုင်ငံ​တော်က​ထောက်ပံ့​ကြေးဆိုတာ​​တော့ လိုချင်တာ​ပေါ့။ အထက်ကမှန်တာလုပ်​ပေမဲ့ ​အောက်ကမှ မမှန်တာကို"လို့ ​ပြောပါတယ်

​​ထောက်ပံ့​ကြေး​ပေးတာ အပြည့်အဝမရရှိတာနဲ့ပတ်သက်ပြီး ​ယင်းမာပင်မြို့နယ် အ​​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာအဆင့်ဆင့်ကို ​ဒေသခံပြည်​သူတွေက တိုင်ကြားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဇီး​တော​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူး ဦး​အောင်မြင့်​အေးက "အဲဒါက ဒီလိုပါ။ ရွာလယ်က​နေ ​ရေဆိုးထုတ်​မြောင်း​​ဖောက်တာရှိတယ်။ လွှတ်​တော်က သိန်း ၂၀ ချ​ပေးထားတယ်။ ​ကျေးရွာက သိန်း ၂၀ စိုက်ရမှာ​ပေါ့။ ဒီနှစ်က ပွဲမဖြစ်တာ​ရော သီးနှံ​စျေးမ​ကောင်းတာရော ရွာထဲကမထည့်ဝင်နိုင်တာနဲ့ ​ထောက်ပံ့ကြေးကို ကျပ်  ၅,၀၀၀ ဆီလှူမယ်ဆိုပြီး အကုန်လှူကြတာ​ပေါ့။ ၅,၀၀၀ ဆီလှူတဲ့အတွက် ၁၅,၀၀၀ ဆီဖြစ်သွားတာပါ"လို့ ​ပြောပါတယ်။

အ​ခြေခံလူတန်းစား​တွေအတွက် အစိုးရက​ပေးတဲ့ ​ထောက်ပံ့​ကြေးကို ရပ်ကျေးအာဏာပိုင်တွေက အပြည့်အဝမ​ပေးတာဟာ အဂတိလိုက်စားမှုပုံစံမျိုးဖြစ်နေတဲ့အတွက် ​နောက်​နောင်မလုပ်ရဲ​အောင် ထိုက်သင့်တဲ့ အပြစ်ဒဏ်​ပေးပြီး အ​ရေးယူ​စေချင်တယ်လို့ ဒေသခံ ဦးမြင့်လွင်က ​ပြောပါတယ်။

ဌေးလှိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013