DVB Logo
Home
မြန်မာသတင်း
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားလှယ်လောင်း ၄၀ ဝန်းကျင်ဝင်ပြိုင်မည်  
DVB
·
July 31, 2020
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားလှယ်လောင်း ၄၀ ဝန်းကျင်ဝင်ပြိုင်မည်  
Donate to DVB

ဒီမိုကရက်တစ်ပါတီ (မြန်မာ) အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း   ၄၀ ကနေ ၅၀ ဝန်းကျင်လောက် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမှာ ဖြစ်တယ်လို့ ပါတီခေါင်းဆောင်ပိုင်းက  ပြောပါတယ်။

ဇူလိုင် ၃၁ ရက်မနက်အထိတော့ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၃ ဦး၊  ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၁၀ ဦး၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၂၀ ဦး  စုစုပေါင်း ၃၃ ဦး ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဒီဗွီဘီကိုပြောပါတယ်။ 

ပါတီကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေ မပြီးပြတ်သေးဘဲ နောက်ထပ် တင်မယ့်သူတွေလည်းရှိနေသေးတဲ့အတွက် စာရင်းအတိအကျမထုတ်ပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။

ပါတီအနေနဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းမှာ အဓိကဝင်ပြိုင်မှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေထဲမှာ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဆွေနဲ့  အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းတို့  အပါအဝင် လူငယ်တွေနဲ့ အမျိုးသမီးတွေပါဝင်ဖို့ ရွေးချယ်ထားတယ်လို့ သိရပါတယ်။ 

ပါတီအတွင်းရေးမှူးချုပ်  ဒေါ်သန်းသန်းနုက “ ကျမတို့က အဓိကဘာလဲဆိုတော့ တိုင်းပြည်အပေါ်မှာ ချစ်တဲ့စိတ်ပေါ့ အဲဒါတော့ အဓိက ရှိရမယ်။ ရွေးကောက်ပွဲ ဝင်လိုက်ပါသည်ဆိုတဲ့ ဟာမျိုးလေးနဲ့ မဟုတ်ဘူးပေါ့။ တကယ်ဆန္ဒရှိတယ်၊ ကိုယ့်ပါတီအပေါ်မှာလည်း သစ္စာရှိတယ် အဲဒါမျိုးဖြစ်ရမှာပေါ့။ ကျမတို့က ပညာအရည်အချင်းတော့ အဓိကမထားဘူး။ ဒါပေမဲ့ ကျမတို့ ကိုယ်စားလှယ်လောင်းထဲက အသက် ၂၆ နှစ် အငယ်ဆုံးက သူက ဘီအီး အင်ဂျင်နီယာဘွဲ့ရဖြစ်တယ်။ နောက် ကလေးမလေးတစ်ယောက်ဆိုရင် ဥပဒေဘွဲ့ Law အောင်ထားတာရှိတယ်။ အဲဒါမျိုးတွေရှိပါတယ်။ ဒါပေမဲ့ လူတိုင်း ပညာဘယ် အဆင့်ရရမယ်။ ဘာဘွဲ့တွေရရမယ်ဆိုပြီး ကျမတို့ သတ်မှတ်ချက်မရှိပါဘူး။ ”လို့ပြောပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ၊ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနုနဲ့ ဒုဝန်ချုပ်ဟောင်းဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့  ခေါင်းဆောင်တဲ့  ဒီမိုကရက်တစ်ပါတီ (မြန်မာ)ပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်နေရာ ၃  နေရာ အနိုင်ရခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ၅၂ နေရာဝင်ပြိုင်ရာမှာ  ၁ နေရာ အနိုင်ရရှိခဲ့ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013