DVB Logo
Home
မြန်မာသတင်း
ဝေလရေးပြီး ရဲရင့်အောင်သီဆိုထားသည့် အသည်းကွဲသီချင်းသစ်-“ထွက်သွားပါတော့” (ရုပ်သံ)
DVB
·
July 29, 2020
ဝေလရေးပြီး ရဲရင့်အောင်သီဆိုထားသည့် အသည်းကွဲသီချင်းသစ်-“ထွက်သွားပါတော့” (ရုပ်သံ)
Donate to DVB

“ဒီလောက်နဲ့ကျေနပ်ပါ… ဒီရင်ခွင်ကို နင်ကြည့်မလား… ညိုမဲတွေ တထပ်ကြီး ပါ…. နင်ပေးခဲ့တဲ့ အမာရွတ်လေးများဟာ အမှတ်တရ… လိုတိုင်းမဖြစ်နိုင်တဲ့အခါ…  ဒီမိုကရေစီဆန်သတဲ့လား… ချက်ချင်း နင်အသွင်ပြောင်းသွား… ငါရည်စူးခဲ့တာ နင်တ ယောက်တည်းကသာ ငါ့ဘဝ”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ “ထွက်သွားပါတော့” အမည်ရတဲ့ အသည်းကွဲသီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

အလန်းစား အမိုက်စား သံစဉ်မယ်လိုဒီ စာသားတွေနဲ့ ဒီသီချင်းကိုတော့ တေးရေး တေးဆို ဝေလက ရေးဖွဲ့ပေးထားခဲ့ပြီး နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ အဆိုတော် ရဲရင့် အောင်က သီဆိုထားခဲ့တာ ဖြစ်ပါတယ်။

“ငါကောင်းစားချိန်မှာ ရွှေချထား… ဒါ… ငါ့အမှား… ငါ့နိမ့်ကျချိန်မှာ နင်က လူကို မချစ်ဘူး ပြောသတဲ့လား… ငါရင်ခုန်ခဲ့သောနင်က အခုများတစိမ်းလိုပါ… နင်ထွက်သွား ပါတော့… နင်ထွက်သွားပါတော့… အလိုက်တသိနဲ့ ငါနေခဲ့ပါ့မယ်စိတ်ချ… နင်ထွက်သွား ပါတော့…နင်ထွက်သွားပါတော့… နှုတ်မဆက်နဲ့ ရင်ခွင်တံခါးပိတ်ခါနီးမှ… ဟိုး… ထားခဲ့ ပါတော့”

အသက် ၂၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရဲရင့်အောင်ဟာ အနုပညာလောကထဲကို ၂၀၁၁ ခုနှစ်လောက်က စတင်ဝင်ရောက်ခဲ့ပြီး Bo Bo Entertainment က ထုတ်ဝေတဲ့ အ တွဲသီချင်းအယ်လ်ဘမ်တွေထဲမှာ ပါဝင်သီဆိုခဲ့ကာ "Bo Bo 1st Anniversary" အယ်လ် ဘမ်ထဲမှာ ပါဝင်တဲ့ “လွမ်းလွန်းလို့”သီချင်းကတော့ သူ့ကို ပရိသတ်တွေ စတင် သတိပြု မိခဲ့တဲ့ သီချင်း ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၂ ခုနှစ်မှာတော့ အဆိုတော် သားသားနဲ့ တွဲဖက်ပြီး “အမုန်း ဒိုင်ယာရီ”တေး အယ်လ်ဘမ်ထွက်ရှိလာခဲ့ပြီး အဲဒီတေးအဘ်လ်ဘမ်ဟာ အရောင်းရဆုံး တေးအယ်လ်ဘမ်တချပ်ဖြစ်လာခဲ့ကာ ရဲရင့်အောင်ရယ်လို့ ပရိသတ်တွေက အားပေးမှုရ ခဲ့တဲ့ တေးအယ်လ်ဘမ်လည်း ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ နောက်ထပ် နာမည်ကြီးတကိုယ်တော်တေးအယ်လ်ဘမ် “ချေ”ကိုတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Myanmar Music Awards(MMA)က ချီးမြှင့်တဲ့ Best Pop Music Award for Winter နဲ့ Best Pop Album Award ဆုတွေ ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါ တယ်။

သီချင်းတွေ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတာမျိုးအပြင် နောက်ပိုင်းမှာ ရဲရင့်အောင် က သရုပ်ဆောင် အနုပညာလမ်းကြောင်းဘက်မှာလည်း လျှောက်လှမ်းခဲ့ပြန်ပါတယ်။

၂၀၁၆ ခုနှစ်အတွင်းမှာတော့ သရုပ်ဆောင်မင်းသမီး အိချောပိုနဲ့ တွဲဖက်သရုပ် ဆောင်ခဲ့တဲ့ “QC Game”၊ နန်းဆုဦးနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ “Waiting For You”၊ သဉ္ဇာနွယ်ဝင်းနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ “ဟဲ့”စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့တာပါ။

၂၀၁၈ ခုနှစ်မှာတော့ အဆိုတော် သရုပ်ဆောင် လွှမ်းပိုင်၊ သရုပ်ဆောင်မင်းသမီး ဖွေးဖွေးတို့နဲ့အတူ သုံးပွင့်ဆိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ “ငါ့ကိုနမ်းတဲ့မုန်တိုင်း” ရုပ်ရှင်နဲ့ အတူ ရဲရင့်အောင်ရဲ့ သရုပ်ဆောင်အနုပညာကို ပရိသတ်တွေက အမှတ်ပေးခဲ့ကြရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရဲရင့်အောင်ဟာ ဂီတဘက်မှာရော သရုပ်ဆောင်အနုပညာဘက် မှာပါ ဟန်ချက်ညီညီ လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။

“ယဉ်ကျေးမှုဆိုတဲ့အရာ… ငါသေသေချာချာကိုင်ဆုတ်ထား… နင်နဲ့ငါနဲ့သမိုင်းများ … နောက်ဆုံးအကြွင်းဟာ အတူတူမခွဲဘူးဆိုပြီးမှ… နင်အပြောင်းအလဲမြန်လိုက်တာ… ရေပေါ်ဆီလို နင်ပြုသလား… နင်အချစ်ကိုတန်ဖိုးမထား… ငါမှောင်မဲတဲ့အချိန် နင်ဟာ အလင်းရှိရာပြေးသွား… ငါကောင်းစားချိန်မှာ ရွှေချထား… ဒါ..ငါ့အမှား… ငါ့နိမ့်ကျချိန် မှာ… နင်ကလူကိုမချစ်ဘူး ပြောသတဲ့လား… ငါရင်ခုန်ခဲ့သော နင်က အခုများ တစိမ်း လိုပါ”

လတ်တလောထွက်ရှိလာတဲ့ ဒီသီချင်းထဲမှာလည်း ရဲရင့်အောင်က ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားခဲ့ပြီး သူ့ ပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

https://www.facebook.com/JOOXMyanmar/videos/295230101691434/?v=295230101691434

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013