DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာ များလာသဖြင့် ပီရူးတောင်ပိုင်း ဆေးရုံများ အခက်အခဲဖြစ်နေ
DVB
·
July 25, 2020
ကိုဗစ်-၁၉ လူနာ များလာသဖြင့် ပီရူးတောင်ပိုင်း ဆေးရုံများ အခက်အခဲဖြစ်နေ
Donate to DVB

ပီရူးနိုင်ငံတောင်ပိုင်းတလျှောက် ကိုဗစ်-၁၉ လူနာတွေ များပြားလာနေတာကြောင့် ဆေးရုံတွေမှာ လူနာတွေထားဖို့အရေး အခက်အခဲကြုံနေရပါတယ်။

တောင်ပိုင်းမြို့ အရီကွီပါဟာ ကပ်ဘေးရဲ့ ဗဟိုချက်အသစ်ဖြစ်လာနေပြီး မကြာသေးမီရက်များအတွင်း အတည်ပြုလူနာဦးရေ ၁ သောင်းကျော် ရှိခဲ့တယ်လို့  ဇူလိုင် ၂၅ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဟွာနူကိုမြို့မှာလည်း ဆေးရုံတွေမှာ လူနာတွေနဲ့ ရုန်းကန်နေရပါတယ်။ ဒါဟာ မြို့တော်လီမာ မှာ ကန့်သတ်ချက်တွေ ဖြေလျှော့ပေးပြီးနောက် ဗိုင်းရပ်စ်ဟာ အခြားဒေသတွေမှာ အခု ပျံ့နှံ့နေတာပါ။ 

ပီရူးတောင်ပိုင်းက ကျန်းမာရေးလုပ်သားတွေဟာ ဇူလိုင် ၂၄ ရက်က မြို့တော်ဆီ ဦးတည်ချီတက်ပြီး လူနာတွေကို ကုသဖို့ ရင်းမြစ်တွေမလုံလောက်တာကို ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ 

ပီရူးမှာ အတည်ပြုလူနာစာရင်းက ၃၇၆,၀၀၀ နဲ့ သေဆုံးသူကလည်း ၁၇၀၀၀ ကျော်နေပါပြီ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013