DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့အနီး ရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ  မြေငလျင်လှုပ် 
DVB
·
July 15, 2020
ဝမ်းတွင်းမြို့အနီး ရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ  မြေငလျင်လှုပ် 
Donate to DVB

မန္တလေးတိုင်းဒေသကြီး   ဝမ်းတွင်းမြို့အနားမှာ ပြင်းအား  ရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တစ်ခု ဒီနေ့မနက်က လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၅ ရက်၊ မြန်မာစံတော်ချိန် မနက် ၇ နာရီ၊ ၄၈ မိနစ်၊ ၅၃ စက္ကန့် အချိန် မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် ၇၁ မိုင်လောက်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ဝမ်းတွင်းမြို့ရဲ့  အရှေ့တောင်ဘက် ၁၀ မိုင် ခန့်အကွာ မြောက်လတ္တီတွဒ်  ၂၀ ဒသမ ၉၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၁၁ ဒီဂရီ၊ အနက် ၅ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာ ဖြစ်ပါတယ်။

မနေ့ညနေ ၄ နာရီလောက်ကလည်းတမူးမြေငလျင်စခန်းမှ တောင်ဘက် ၆၁ မိုင်လောက်ဝေးတဲ့ ကလေးဝမြို့ရဲ့  မြောက်-အရှေ့မြောက်ဘက် ၉ မိုင်လောက် အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးဇလထုတ်ပြန်ချက်အရ သိရပါတယ်။

 ဓာတ်ပုံ - မိုးဇလ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013