DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့ကို ဗဟိုပြုပြီး ငလျင် ထပ်မံလှုပ်ခတ်
DVB
·
April 8, 2025
ဝမ်းတွင်းမြို့ကို ဗဟိုပြုပြီး ငလျင် ထပ်မံလှုပ်ခတ်
1 / 8
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့၊ ကျွဲကန်ကျေးရွာကို ဗဟိုပြုပြီး ဧပြီ ၈ ရက် မနက် ၄ နာရီ ၁၈ မိနစ်က ရက်ချ်တာစကေး ၃ ဒသမ ၇ ရှိတဲ့ ငလျင် ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် ပျော်ဘွယ်မြို့၊ သဲတောမြို့နဲ့ ဝမ်းတွင်းမြို့တွေမှာ နေအိမ်၊ အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာတွေ မရှိပေမဲ့ ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်စိတ်တွေနဲ့ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ငလျင်လှုပ်တာ သိသာတယ်။ ဒေသခံတွေက လန့်တာပေါ့။ နောက်ပိုင်း ဘယ်သူမှ မအိပ်တော့ဘူး။ ဟိုကဖုန်းဆက် ဒီကဖုန်းဆက်နဲ့  အဲဒီ ၄ နာရီနောက်ပိုင်း မိုးလင်းသွားတယ်။ ထုံးစံအတိုင်း စိတ်ပိုင်းဆိုင်ရာက ထိခိုက်တုန်း။ လှုပ်တာက ၂ ဆင့်လှုပ် လှုပ်သွားတာ။ အသေအပျောက်လည်းမရှိဘူး။ ထိခိုက်မှုလည်း မရှိဘူး” လို့ ပြောပါတယ်။

မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ နေအိမ်၊ အဆောက်ဦ အားလုံးကို ဖြိုချပြီးဖြစ်တာကြောင့် ထပ်မံ ပြိုကျတာတွေ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျော်ဘွယ်မြို့၊ သဲတောမြို့နဲ့ ဝမ်းတွင်းမြို့တွေမှာ နေအိမ်၊ အဆောက်အအုံ၊ စက်ရုံပေါင်း ၃၂၀ ပြိုကျပျက်စီးခဲ့ပါတယ်။

မြေငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်နဲ့ ဒဏ်ရာရသူ  ၈၀ ကျော်ရှိခဲ့ပြီး မြို့နယ်အတွင်းက ဘုရားစေတီ၊ ကျောင်းပေါင်း ၂၀၀ နီးပါးနဲ့ ဗလီဘုရားကျောင်း ၄ ကျောင်း ပြိုကျပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013