DVB Logo
Home
မြန်မာသတင်း
မကွေးမြို့အနီး ရစ်(ခ်)တာစကေး ၄  အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
July 13, 2020
မကွေးမြို့အနီး ရစ်(ခ်)တာစကေး ၄  အဆင့်ရှိ မြေငလျင်လှုပ်
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အနီးမှာ  အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၀ အဆင့်ရှိတဲ့ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၃ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ၊  ၁၆ မိနစ် ၃၂  စက္ကန့် အချိန် ‌နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက်  ၇၆ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (မကွေးမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၁၃ မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၉၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်  ၉၄ ဒသမ ၉၉  ဒီဂရီ၊ အနက်  ၅၅  ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာဖြစ်တယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်

မနေ့ညကလည်း မကွေးတိုင်း သရက်မြို့မှာ အင်အား ၃ ဒသမ ၅ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာန  ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ- မိုးဇလ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013