DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့နယ် ရေနံမနယ်မြေတွင် တရားမဝင်ရေနံချက်ဖို ဖမ်းမိ
DVB
·
July 12, 2020
မင်းလှမြို့နယ် ရေနံမနယ်မြေတွင် တရားမဝင်ရေနံချက်ဖို ဖမ်းမိ
Donate to DVB

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေအတွင်းမှာ ဇူလိုင် ၁၁ ရက်နေ့က တရားမဝင်ရေနံချက်ဖို ၁ လုံး ဖမ်းဆီရမိခဲ့တယ်လို့ ရေနံမနယ်မြေရဲစခန်းက ပြောပါတယ်။

ရေနံမနယ်မြေစခန်းမှူး ရဲအုပ်အောင်မင်းဦးက “ရေနံမနယ်​မြေ ရဲစခန်းရဲ့ အနောက်မြောက်ဘက် ၄ မိုင်လောက်အကွာမှာရှိတဲ့ တောထဲကနေ တရားမဝင် ရေနံချက်ဖို တစ်လုံး၊ ဆိုင်ကယ် သုံးစီးနဲ့အတူ ရေနံ ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာပါ။ တရားမဝင် ရေနံချက်လုပ်တဲ့ သူတွေကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ အရေးယူသွားမယ်” ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကလည်း ရေနံမနယ်မြေအတွင်းက တရားမဝင် ရေနံချက်ဖို ၅ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးခဲ့အပြီး အမှုဖွင့်ရေးယူထားတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ တရားမဝင်ရေနံချက်လုပ်သူတွေကို ရေနံမနယ်မြေရဲစခန်းမှာ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ နဲ့အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း-မင်းထီး၊ ဓာတ်ပုံ-ဇော်ဆိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013