DVB Logo
Home
မြန်မာသတင်း
YBS စီးနင်းသူ ပိုများလာ၊ တရက်ကို လူဦးရေ ၉ သိန်းကျော် စီးနင်း
DVB
·
July 11, 2020
Donate to DVB

ရန်ကုန်မှာ ပြေးဆွဲနေတဲ့ YBS စီးနင်းသူ ဦးရေဟာ ဇူလိုင်လဆန်းကစလို့ အရင်ထက်ပိုများများလာပြီး အခုဆိုရင် တရက်ကို လူဦးရေ ၉ သိန်းကျော် စီးနင်းနေပြီ ဖြစ်ပါတယ်။

ဇူလိုင် ၉ ရက်‌နေ့က အများဆုံးစီးနင်းခဲ့ကြပြီး YBS ပြေးဆွဲလမ်းကြောင်း ၁၂၆ လိုင်းက မော်တော်ယာဉ်စီးရေ ၃,၇၉၀ စီးနဲ့ ခရီးသည် ၉၆၁,၉၂၆ ယောက်ကို သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့  ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၀ ရက်နေ့ မနေ့ကလည်း မော်တော်ယာဉ်စီးရေ ၃,၈၀၈ စီး ပြေးဆွဲခဲ့ပြီး ခရီးသည် ၉၃၆,၇၇၂ ယောက်၊ ဇူလိုင် ၈ ရက်နေ့က ၉၂၉,၇၁၉ ယောက် စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လဆန်းပိုင်းမှာ ခရီးသည် ၆ သိန်းနီးပါးလောက်ပဲ စီနင်းခဲ့ပေမယ့် တဖြည်းဖြည်းတိုးလာခဲ့သလို ပြီးခဲ့တဲ့ဇွန်လထဲမှာတော့ ၉ ရက်နေ့က လူပေါင်း ၈၃၀,၀၀၀ ကျော်နဲ့ အများဆုံးစီးခဲ့ပါတယ်။

ဒီကာလထဲမှာ စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ လူနည်းသွားတတ်ပြီး တခြားရက်တွေမှာတော့ နေ့တိုင်းလိုလို စီးနင်းသူ တိုးလာနေတာကို တွေ့ရပါတယ်။ 

ဒီစာရင်းတွေဟာ ယာဉ်လိုင်းတွေက ပေးပို့လာတဲ့ မှတ်တမ်းတွေအရ ဖြစ်တယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောဆိုထားပါတယ်။

ကားတွေမှာ လူပြည့်ကြပ်မနေအောင် တစီးနဲ့တစီး အချိန်ကပ်လွှတ်တဲ့စနစ်ကို စမ်းသပ်ခဲ့ပေမယ့် ခရီးသည်တွေက မစောင့်ချင်ကြလို့ အဆင်မပြေခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

အခုပြေးဆွဲနေတဲ့ ယာဉ်လိုင်း အရေအတွက်နဲ့ ကားစီးရေဟာ နေ့စဉ် ခရီးသွားနေသူတွေ၊ ယာဉ်မောင်းတွေ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခြေအနေအရ ပြေးဆွဲနေတာလို့ YRTA က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မှာ ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်က ကားစင်းရေ ၄၄၀၀ နဲ့ ပြေးဆွဲနေတာ ဖြစ်ပြီး ကိုဗစ်-၁၉ မဖြစ်ခင်ကာလမှာတော့ တရက်ကို လူပေါင်း ၁၈ သိန်းလောက် စီးနင်းခဲ့ပါတယ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013