DVB Logo
Home
မြန်မာသတင်း
စီးတီးတက္ကစီ အစီး ၂၀၀၀ ကျော် ပယ်ဖျက်ရမည့်စာရင်းတွင်ပါဝင်နေ
DVB
·
December 19, 2019
Donate to DVB

ရန်ကုန်မြို့မှာ စီးတီးတက္ကစီ အငှားယာဉ် အစီး ၂၀၀၀ ကျော် ပယ်ဖျက်ရမယ့်စာရင်းမှာ ပါဝင်နေတယ်လို့ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA တွဲဖက်အတွင်းရေးမှူးက ပြောပါတယ်။

အခုနှစ် နိုဝင်ဘာလအထိ YRTA မှာ မှတ်ပုံတင်ထားတဲ့ စာရင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးမှာတော့   စီးတီးတက္ကစီ အစီးရေ ၆၈၀၀၀ ထောင်နီးပါး ရှိနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ( ကညန) ရဲ့ စာရင်းတွေမှာတော့ စီးတီးတက္ကစီ အစီးရေ ၆၆၀၀၀ ကျော်သာရှိတာကြောင့် YRTA စာရင်းနဲ့ ကညန စာရင်းကွာခြားချက်ရှိနေပါတယ်။

ဒါကြောင့် ကညန နဲ့ YRTA မှာ စာရင်းမရှိတဲ့ စီးတီးတက္ကစီအစီးရေ ၂၁၇၅ စီးက ပယ်ဖျက်မယ့် စာရင်းမှာ ပါဝင်နေတယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး  ဦးလှအောင်ကပြောပါတယ်။

စီးတီးတက္ကစီတွေမှာ နံပါတ်က AA ၊ BB လိုမျိုးနံပတ်တွေနဲ့ အက္ခရာနဲ့ နံပါတ် တွဲထားတဲ့ နံပတ်တွေရှိပြီး  စီးတီးတက္ကစီ အစီးရေ ၆၇၀၀၀ ကျော်မှာလည်း မှတ်ပုံမတင်ထားတဲ့ အစီးရေက ၄၀၀ နီးပါး ရှိပါတယ်။

ဒါပေမယ့်လည်း စီးတီးတက္ကစီတွေက ပြည်နယ်တိုင်းဒေသကြီးအနှံ့မှာ ရောက်ရှိနေနိုင်တဲ့အတွက် သက်ဆိုင်ရာဒေသတွေမှာဘဲ မှတ်ပုံတင်နေတာ ဖြစ်နိုင်တယ်လို့ ဦးလှအောင်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA အနေနဲ့လည်း စီးတီးတက္ကစီစနစ်ကို ခုထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရကို တင်ပြထားပြီး ဖြစ်တယ်လို့ပြောပါတယ်။

ဒါ့အပြင် ရပ်ဝေးကလာတဲ့ အများပြည်သူတွေ အဆင်ပြေဖို့အတွက်လည်း ဒဂုံဧရာအဝေးပြေး ၊ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ အောင်မင်္ဂလာအဝေးပြေးအထိ YBS ယာဉ်တွေကို အခုလက စပြီး ပြေးဆွဲပေးနေပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013