DVB Logo
Home
မြန်မာသတင်း
ကျောင်းကားအားလုံး Social Distancing နှင့်အညီပြေးဆွဲရန် ညွှန်ကြား
DVB
·
July 10, 2020
ကျောင်းကားအားလုံး Social Distancing နှင့်အညီပြေးဆွဲရန် ညွှန်ကြား
Donate to DVB

YRTA ကျောင်းကားအပါအဝင် ကျောင်းကားအားလုံး ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက် ဖြစ်တဲ့ Social Distancingနဲ့ အညီပြေးဆွဲဖို့ ညွှန်ကြားထားတယ်လို့ YRTA က ပြောပါတယ်။ 

ဇူလိုင်လကနေစတင်ဖွင့်လှစ်မယ့် အခြေခံပညာကျောင်းတွေအတွက် ကိုဗစ်-၁၉ ကာလ ဖြစ်နေတာကြောင့် ကျောင်းသားတွေကိုပို့ဆောင်ပေးမယ့် ကျောင်းကားတွေအနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားချက်တွေအတိုင်း လိုက်နာပြေးဆွဲရမှာပါ။ 

YRTA က ပြေးဆွဲမယ့် ကျောင်းကား ၁၀၇ စီးအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်နဲ့အညီ နှစ်ယောက်တွဲထိုင်ခုံတွေမှာ ကျောင်းသားတစ်ဦးသာထိုင်ခိုင်းမှာဖြစ်သလို  စာသင်ကျောင်းတွေမှာ ပြေးဆွဲမယ့် ပုဂ္ဂလိကကျောင်းကားတွေအတွက်လည်း  ကျန်းမာရေးဝန်ကြီး ဋ္ဌာနက ညွှန်ကြားချက်တွေ ထုတ်ထားတယ်လို့ YRTA အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

ကျောင်းကားပိုင်ရှင်တွေအနေနဲ့ ပုဂ္ဂလိကကျောင်းကားတွေကို လူဦးရေတဝက်သာတင်ဖို့ ညွှန်ကြားထားတဲ့အတိုင်း YRTA ကျောင်းကားတွေလည်း အများနည်းတူ လုပ်ဆောင်ပေးဖို့ ပြောဆိုထားတာရှိပါတယ်။ 

ကိုဗစ်ကာလအတွင်း ပြေးဆွဲမယ့်ပုဂ္ဂလိကကျောင်းကားတွေအားလုံးကို အုံနာဘုတ်မှာ သတ်မှတ်ထားတဲ့ လူဦးရေရဲ့ တဝက်သာတင်ဖို့ ညွှန်ကြားထားသလို အခက်အခဲတွေရှိပေမယ့် ဈေးနှုန်းကတော့ အရင်သတ်မှတ်ဈေးနှုန်းအတိုင်းသာ ယူမယ်လို့ ကျောင်းကားလုပ်ငန်းရှင် ဒေါ်နွယ်နီခင်လေးက ပြောပါတယ်။

YRTA အနေနဲ့ ကျောင်းဖွင့်လာမယ့်အခြေအနေနဲ့ ထုတ်ပြန်လာမယ့် အခြေအနေတွေကို မူတည်ပြီး ကျောင်းဖယ်ရီခကိုသတ်မှတ်မှာဖြစ်သလို အမြတ်အစွန်းအတွက် မရည်ရွယ်ထားဘူးလို့ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောပါတယ်။

ကျောင်းဖယ်ရီကားတွေဟာ အရင်ထဲက လူကြပ်အောင်တင်လေ့ရှိတာကြောင့် ရောဂါဖြစ်ပွား နေတဲ့ကာလဖြစ်လို့ ကျောင်းသားမိဘတွေအနေနဲ့ရောဂါကူးစက်မှာ စိုးရိမ်မှုရှိနေသလို ဖယ်ရီခဈေး မတက်ဘဲ လူကျဲကျဲတင်ပေးဖို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာရန်ကုန်မြို့မှာ တရားဝင်ပြေးဆွဲနေတဲ့ ကားအစီးရေ ၁၀၇၉ စီး ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013