DVB Logo
Home
Lead Story
ဖြူဖြူကျော်သိန်းနှင့် သိန်းလင်းစိုး သီဆိုထားသည့် “Private Dating”အချစ်သီချင်း(ရုပ်သံ)
DVB
·
July 10, 2020
ဖြူဖြူကျော်သိန်းနှင့် သိန်းလင်းစိုး သီဆိုထားသည့် “Private Dating”အချစ်သီချင်း(ရုပ်သံ)
Donate to DVB

       “အချစ်နဲ့ ဝိုင်တခွက်က… တို့နှစ်ယောက်အတွက် သိပ်ကဗျာဆန်သွားလား… လ ရောင်ရယ် ဝိုးတဝါးအောက်က Private Dating ည… အို… မင်းရဲ့ ခါး… နောက်က ထွေးပွေ့ထားတော့ ရင်ခုန်သံတွေ ကြားလား… ရှက်လို့သွားတဲ့ မင်းရဲ့ နှုတ်ခမ်းထက် အကြင် နာတွေ ဖြန့်ခင်းထား”

       ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ အချစ်သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး အွန်လိုင်းပရိသတ်တွေကြား ရေပန်းစားနေပါတယ်။

       “Private Dating” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး တေးဆို သိန်းလင်းစိုးက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး ဖြူဖြူကျော်သိန်းနဲ့ လိုက်ဖက်ညီညီနဲ့ စုံတွဲ သီဆိုထားပါတယ်။

       “အဝေးသို့ ထွက်လို့ မသွားပါနဲ့… ငါထွက်သွားဖို့လည်းပဲ မတောင်းဆိုနဲ့… မင်းရဲ့ အနမ်းတွေကြား ဒီညတော့ မင်းအတွက် ငါ အကျဉ်းသား… အဝေးသို့ ထွက်လို့ မသွား ပါနဲ့… ငါထွက်သွားဖို့လည်းပဲ မတောင်းဆိုနဲ့… မင်းရဲ့ အနမ်းတွေကြား ရင်ခုန်သံတွေ ရိုင်းပြလို့သွား… တို့နှစ်ယောက်ရဲ့ည”

       အသက် ၃၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဖြူဖြူကျော်သိန်းဟာ ဆရာဝန်တယောက် လည်းဖြစ်ပြီး ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “လုံးဝမသက်ဆိုင်တော့ပါ” တကိုယ်တော် တေးအယ်လ်ဘမ်နဲ့ ဂီတလောကထဲကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သူမတူတဲ့ အမိုက်စား သရုပ်ဖော်တင်ဆက်မှုတွေဟာ ပရိသတ်တွေ ကြား ထင်ရှားလာခဲ့ပြီး ဆယ်စုနှစ်ချီ အောင်မြင်ခဲ့သူ အဆိုတော်တယောက် ဖြစ်လာခဲ့တာပါ။

သူသီဆိုထားတဲ့ လမ်းခွဲ၊ ချယ်ရီလမ်း၊ အရှုံးထက်ပိုသော၊ လှည့်စားလိုက်စတဲ့ သီချင်းတွေဟာ ထင်ရှားသလို တခြားအဆိုတော်တွေနဲ့ တွဲဖက်သီဆိုမှုတွေဖြစ်တဲ့ အတွင်း ကြေ၊ ငါဘုရင်မ စတဲ့ သီချင်းတွေနဲ့လည်း အောင်မြင်မှုတွေ ရရှိခဲ့သူပါ။

လက်ရှိမှာတော့ အနုပညာ လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

သိန်းလင်းစိုးကတော့ အာရ်အဲန်ဘီအမျိုးအစား သီချင်းတွေနဲ့အတူ လူသိများပြီး T-Virus ၊ Vitamin-T စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီး သီချင်းတွေ ကိုယ်တိုင်ရေးသားသီဆိုနေသလို တဖက်မှာလည်း သရုပ်ဆောင်အနုပညာအလုပ်တွေကိုလည်း လုပ်ဆောင်နေသူ တယောက်ဖြစ်ပါတယ်။

ခုသီချင်းထဲမှာတော့ ချစ်သူနှစ်ယောက်ကြားက သီးသန့် Private Dating အကြောင်း ရိုမန့်တစ်ဆန်ဆန် တေးသွားစာသားတွေနဲ့ ခံစားနားဆင်ကြရမှာဖြစ်ပြီး သူတို့ နှစ်ယောက်ရဲ့ မတူညီကွဲပြားတဲ့ အသံ၊ ဂီတ ဖန်တီးမှုတွေနဲ့အတူ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

ဒီသီချင်းရုပ်သံကိုတော့ V7 Entertainment နဲ့ Joox  တို့ကနေတဆင့် ဖြန့်ချိပေးထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013