DVB Logo
Home
မြန်မာသတင်း
အချက် ၄ ချက် လိုက်နာပါက ကိုဗစ်ဒုတိယလှိုင်းဖြစ်ရန် အလားအလာနည်းဟု ကျန်းမာရေးဝန်ကြီး ပြော
DVB
·
July 9, 2020
အချက် ၄ ချက် လိုက်နာပါက ကိုဗစ်ဒုတိယလှိုင်းဖြစ်ရန် အလားအလာနည်းဟု ကျန်းမာရေးဝန်ကြီး ပြော
Donate to DVB

လူစုလူဝေးရှောင်တာ၊ နှာခေါင်းစည်းတပ်တာအပါအဝင် အချက် ၄ ချက်ကို ဆက်လက် လိုက်နာရင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်ဖို့ အလားအလာ အင်မတန်နည်းမယ်လို့ ကျန်းမာရေး ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာတွေကို မလိုအပ်ဘဲ လုံးဝ မသွားကြဖို့၊ တယောက်နဲ့ တယောက် တတ်နိုင်သမျှ ခပ်ခွာခွာနေပြီး အနည်းဆုံး ၆ ပေအကွာကနေ နေထိုင်ပြောဆို ဆက်ဆံကြဖို့ ကျန်းမာရေးနဲ့ အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ပြီးတော့ အပြင်ထွက်တိုင်းနဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို သွားတဲ့အခါတိုင်း ပါးစပ်နဲ့ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ဖို့၊ လက်မှာ ကပ်ပါလာနိုင်တဲ့ ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေဖို့ လက်ကို ဆပ်ပြာနဲ့ ရေသုံးပြီး အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ဆေးကြောကြဖို့ ဆိုတဲ့ အချက်တွေကို ဆက်လက်လိုက်နာ ကျင့်ကြဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ် ၁၉ အတည်ပြုလူနာ ၃၁၈ ဦး၊ သေဆုံးသူ ၆ ဦး၊ လူနာအမှတ် ၂၂၁, ၂၅၂, ၂၆၇,၂၈၃ နဲ့ ၂၈၆ တို့မှာ နှစ်ကြိမ်ဆက် ရောဂါပိုး မတွေ့တာကြောင့် ရောဂါပိုးကင်းစင်လာသူ ၂၅၀ ဦး၊ အဲဒီထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၃၃ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၄၆ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဇူလိုင် ၈ ရက်၊ မြန်မာစံတော်ချိန် ည ၁၁ နာရီ ၂၈ မိနစ် အချိန် ထုတ်ပြန်ချက်တွေအရ တကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာဦးရေ စုစုပေါင်း ၁၁,၆၆၉,၂၅၉ ယောက်နဲ့ သေဆုံးသူဦးရေ စုစုပေါင်း ၅၃၈,၉၀၆ ယောက်ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝန်းမှာ ကူးစက်ဖြစ်ပွားသေဆုံးတာတွေ ဆက်လက်များပြားနေတာကြောင့် ပြည်သူတွေအနေနဲ့ လုံးဝ မပေါ့ဆကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013