DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲ၌ မောင်တောခရိုင်အတွင်း မဲရုံ ၁၈၄ ရုံထိ ဖွင့်လှစ်ရန် လျာထား
DVB
·
July 9, 2020
၂၀၂၀ ရွေးကောက်ပွဲ၌ မောင်တောခရိုင်အတွင်း မဲရုံ ၁၈၄ ရုံထိ ဖွင့်လှစ်ရန် လျာထား
Donate to DVB

လာမယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း မဲရုံ ၁၈၄ ရုံထိဖွင့်လှစ်ဖို့ လျာထားထားတယ်လို့ မောင်တောခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဒီဗွီဘီကို ပြောကြားပါတယ်။

"ကျနော်တို့ကတော လွတ်လပ်စွာမေးပေးခွင့်ကို ထိခိုက်မယ့်နေရာတွေမှာ ရွေးကောက်ပွဲ လုပ်ဖို့ အစီအစဥ်မရှိပါဘူး။ မဲရုံဝန်ထမ်းတွေအတွက် အန္တရာယ်ရှိနိုင်မယ့်နေရာတွေ၊ သွားလာရ ခက်ခဲတဲ့နေရာတွေ၊ မဲပေးရမယ့်သူတွေရဲ့ မလုံခြုံတဲ့နေရာတွေမှာတော့ ခြွင်းချက်အနေနဲ့ ပြုလုပ်သွားမှာ မဟုတ်ပါဘူး။"

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲက မောင်တောမြို့မှာ မဲရုံ ၆၆ ရုံ နဲ့ ဘူးတောင်မြို့မှာ ၁၀၉ ရုံ ဖွင့်လှစ်ခဲ့ပြီး လာမယ့် ၂၀၂၀ မှာတော့ မောင်တောမှာ ၇၁ ရုံ ဘူးတောင်မှာ ၁၁၃ ရုံ ဖွင့်လှစ်ဖို့ လျာထားတာလို့ ဆိုပါတယ်။

စစ်ဘေးရှောင်များအတွက် မဲရုံသီးသန့် ပြုလုပ်သွားမှာမဟုတ်ဘဲ အနီးဆုံးမဲရုံမှာ မဲပေးနိုင်အောင် ဆောင်ရွက်ထားရှိမှာဖြစ်ပြီး လက်ရှိရောက်ရှိနေတဲ့နေရာမှာ ရက်ပေါင်း ၉၀ နေထိုင်ပြီးသူတိုင်း မဲပေးပိုင်ခွင့်ရှိတယ်လို့ ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လက်ရှိ ဆောင်ရွက်ချက်တွေကတော့ မဲဆန္ဒနယ်အလိုက် ၂၀၁၉ ကတည်းက မဲဆန္ဒရှင်စာရင်း ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မောင်တောခရိုင်တခုလုံးမှာ လက်ရှိ မဲဆန္ဒရှင် ဦးရေ ၅ သောင်းကျော် ကောက်ယူထားရှိပြီး ဘူးသီးတောင်မြို့မှာ ၃ သောင်းကျော်နဲ့ မောင်တောမြို့မှာ ၂ သောင်းကျော်နဲ့ အတိုးအလျှော့ရှိနိုင်သေးကြောင်း၊ မဲဆန္ဒရှင်စာရင်းတွေကို နောက်ဆုံးအကြိမ် ကြော်ငြာမှုပြုပြီးမှ အတည်ပြုရမယ်လို့ သိရ​ပါတယ်။

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ဦးရေ ဘူးသီးတောင်မြို့မှာ ၃၆၆၉ ဦးနဲ့ မောင်တောမြို့မှာ ၃၀၅၅၃ ဦးရှိခဲ့တယ်လို့ ခရိုင်ကော်မရှင်ရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

မောင်တောခရိုင်အတွင်း ၂၀၁၅ ခုနှစ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်ပေါင်း မောင်တောမြို့မှာ ၁၀ ဦးနဲ့ ဘူးသီးတောင်မြို့နယ်မှာ အယောက် ၂‌ေ ရှိခဲ့​ပါတယ်။

၂၀၂၀ ပြည့်နှစ်အတွက် ကိုယ်စားလှယ်လောင်း စာရင်းတင်ပြလာတာ မရှိသေးဘူးလို့ ခရိုင်ကော်မရှင်ဥက္ကဋ္ဌ ပြောပါတယ်။

မောင်တောခရိုင်အတွင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ မြိုတိုင်းရင်းသားဖွံဖြိုးရေးပါတီ၊ ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ ဒိုင်နက်လူမျိုးများ တိုးတက်ရေးပါတီ၊ မြိုတိုင်ရင်းသားပါတီ စတဲ့ ပါတီ ၇ ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

လင်းလက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013