
တရုတ်နိုင်ငံရဲ့မြို့တော် ပေကျင်းမြို့နဲ့ အိမ်နီးချင်း ဟော့ဘေးပြည်နယ်က တရုတ်မဟာတံတိုင်းကြီးရဲ့ အစိတ်အပိုင်းတချို့ကို နိုဝင်ဘာ ၈ ရက်မှာ နှင်းတွေက ဖုံးလွှမ်းသွားခဲ့ပါတယ်။
နှင်းဖြူတွေဖုံးနေတဲ့ တောင်တန်းတွေ တလျှောက်မှာ ကောက်ကွေးနေတဲ့ တံတိုင်းတွေနဲ့ ကင်းမျှော်စင်တွေကို မြင်တွေ့နိုင်ပါတယ်။
ပေကျင်းမြို့ရဲ့ ဘာဒါလင်းအပိုင်းမှာ စနေနေ့က အခုဆောင်းရာသီအတွက် ပထမဆုံးအကြိမ် နှင်းကျခဲ့တာပါ။
တနင်္ဂနွေနေ့ မနက်ပိုင်းမှာတော့ နှင်းတွေက သစ်ပင်တွေနဲ့ ရှေးဟောင်းကျောက်တံတိုင်းတွေပေါ်မှာ တင်ကျန်နေခဲ့ပြီး လာရောက်လည်ပတ်သူတွေဟာ နှင်းတွေကြားမှာ လမ်းလျှောက်သွားလာနေကြပါတယ်။
တရုတ်နိုင်ငံမြောက်ပိုင်း ဟော့ဘေးပြည်နယ်၊ ချီယန်အန်းမြို့နယ်က ယန်ရှန်းတောင်တန်း တလျှောက်မှာ တံတိုင်းတွေနဲ့ ကင်းမျှော်စင်တွေကို နှင်းတွေက ဖုံးလွှမ်းထားလို့ ခံတပ်တွေဟာ မြေပြင်ရှုခင်းတလျှောက် ဆန့်တန်းနေတဲ့ ငွေရောင်မြွေတကောင်လို ဖြစ်နေတယ်လို့ ဒေသခံမီဒီယာတွေက တင်စားကြပါတယ်။
ပေကျင်းမြို့၊ မန်တူဂူခရိုင်က တောင်ပေါ်လမ်းတွေတလျှောက် သစ်ပင်တွေကို နှင်းခဲတွေ ဖုံးလွှမ်းနေပါတယ်။
ပြီးခဲ့တဲ့ညက နှင်းကျခဲ့ပြီးတဲ့နောက် မြို့တော်ရဲ့ တောင်တန်းဒေသဘက်ခြမ်းမှာ ဆောင်းရာသီရှုခင်းတခု ပေါ်ပေါက်လာခဲ့ပါတယ်။
Source: Reuters











