DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာသေဆုံးမှုကိစ္စ ထောက်ပြဝေဖန်ရေးသားခဲ့သည့် Eleven သတင်းထောက် တရားစွဲခံရ
DVB
·
July 1, 2020
ကိုဗစ်လူနာသေဆုံးမှုကိစ္စ ထောက်ပြဝေဖန်ရေးသားခဲ့သည့် Eleven သတင်းထောက် တရားစွဲခံရ
Donate to DVB

ကိုဗစ်-၁၉ လူနာသေဆုံးမှုနဲ့ ပတ်သက်ပြီး ထောက်ပြဝေဖန်ရေးသားခဲ့တဲ့ Eleven မီဒီယာက သတင်းသမား တစ်ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၈ (က) နဲ့ ဒီကနေ့ ဇူလိုင် ၁ ရက်နေ့က ဥတ္တရသီရိမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုလိုက်ပါတယ်။

တရားစွဲခံရတဲ့ သတင်းထောက်က “ကျနော် မတ်လလောက်က အင်တာနက်စာမျက်နှာမှာ ရေးသားခဲ့တဲ့ အတွက်ဆိုပြီး ၆၈ (က) နဲ့ တရားစွဲဆိုတာ ဖြစ်တယ်လို့ပဲ သိရသေးတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ စာနယ်ဇင်းကောင်စီကိုလဲ တင်ပြထားပါတယ်”လို့ ပြောပါတယ်။

အဲဒီသတင်းထောက်ဟာ မတ်လ ၂၃ ရက်နေ့က သူရဲ့ Aung Ko Ko (ခ) မန်းသားလေး Facebook စာမျက်နှာမှာ “ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ထိန်ချန်မှုတွေ ပါလာနေပါပြီလို့ ကျနော် လေ့လာမိတယ်” ဆိုတဲ့ အကြောင်းနဲ့ “၁၃ ယောက်မြောက် သေဆုံးသူရဲ့ ရောဂါလက္ခဏာဟာ အသက်ရှုလမ်းကြောင်းမှာ ပိုးဝင်ပြီး ဝမ်းပျက်ဝမ်းလျော ဖြစ်ပြီး သေတာ ဖြစ်တယ်လို့ ကျန်းမာရေးက ထုတ်ပြန်ထားပေမယ့် သေဆုံးသူအကြောင်းရင်းကို မထုတ်ပြန်ဘဲ ဖုံးကွယ်ထားပါတယ်” ဆိုတဲ့ အကြောင်းတွေကို ရေးသားထား ပါတယ်။

ဥတ္တရသီရိမြို့နယ်၊ တရားရုံး ပြန်ကြားရေးအရာရှိ ဒေါ်မေဆုမွန်ကျော်က “ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒုရဲမှူး ရဲအောင်က တရားလိုပြုလုပ်ပြီးတော့ မန်းသားလေး အပေါ်မှာ ၆၈ (က) စွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။ ကျမတို့ ဥတ္တရသီရိမြို့နယ်တရားရုံးက နေပြီးတော့ ရာဇဝတ်မှုအမှတ် ၁၄၇ /၂၀၂၀ နဲ့ လက်ခံပြီးတော့ ဆောင်ရွက်ထားပါတယ်”လို့ ပြောပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) ဟာ အာမခံရရှိနိုင်တဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရမယ်ဆိုရင် ၁ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

စွဲဆိုထားတဲ့ အမှုဟာဆိုရင် အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်တဲ့အတွက် တရားရုံးကနေ ကျပ် ၅ သိန်းတန် ခံဝန် ၂ ဦးနဲ့ အချုပ်လွတ် ထုချေခွင့်ပေးထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013