DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ်၌ လူ ၃ ဦးကို စိတ်ကြွမူးယစ်ဆေးပြား ၅ သိန်းကျော်နှင့်အတူ ဖမ်းမိ
DVB
·
June 30, 2020
မောင်တောမြို့နယ်၌ လူ ၃ ဦးကို စိတ်ကြွမူးယစ်ဆေးပြား ၅ သိန်းကျော်နှင့်အတူ ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့ သီဟိုဠ်ခြံရဲကင်းစခန်းမှ တာဝန်ရှိသူတွေက ဇွန်လ ၃၀ ရက် ဒီနေ့ မနက် ၁၀ နာရီခွဲလောက်က အငူမော်မှ ငါးခူရကျေးရွာသို့ သွားမယ့်မော်တော်ကားကို  သတင်းအရ တားဆီးရှာဖွေစဉ် စိတ်ကြွဆေးပြား ၅၇၉၅၀၀ ပြားနဲ့အတူ ပစ္စည်းသယ်ဆောင်လာသူ ၃ ဦးကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါနဲ့အတူ ဖမ်းဆီးရမိသူ ကားဒရိုင်ဘာ ကိုမောင်ခင် (၂၈ နှစ်)၊  ကားပေါ်လိုက်ပါလာသူ ဦးဟန်သိန်း (၃၂ နှစ်) နဲ့ အောင်စိုးမင်း (၃၀ နှစ်) တို့ ဖြစ်ပါတယ်။

သူတို့ ၃ ဦးကို မောင်တောမြို့ပြင်ဖြူ နယ်မြေစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေနဲ့ အရေးယူ အမှုဖွင့်လှစ်ထားပြီး ကွင်းဆက်တရားခံတွေကို ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့   သီဟိုဠ်ခြံ ရဲကင်းစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"မူးယစ်ဆေးတွေကို ကားရဲ့ကြမ်းခင်းအောက်မှာ အံဝှက်လုပ်ပြီး သယ်လာကြတာ။ အငူမော်ကနေ ငါးခူရ ကို တိုက်ရိုက်သွားမယ့် ကားပေါ့ဗျာ။ ပြင်ဖြူစခန်းမှာ အမှုဖွင့်လိုက်ပါပြီ"

မေလ ၃၀ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ မြို့မကညင်တန်း(အလယ်)ကျေးရွာမှာ ငွေကျပ် ၁၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၇၀၉၀၇၀၀ ပြား သိမ်းဆည်းရမိခဲ့ပါတယ်။

မေလ ၃၁ ရက်ကလည်း မောင်တောမြို့နယ်၊ ကံသာယာကျေးရွာမှာ စိတ်ကြွဆေးပြား ၂၄၃၇၅၀၀ ပြား၊ ကာလတန်ဖိုးငွေကျပ်သိန်း ၄၈၇၅၀ နဲ့ ပစ္စတိုသေနတ်တစ်လက်ပါ ဖမ်းမိခဲ့သလို ဇွန်လ ၁၁ ရက်မှာတော့  မြန်မာဘက်ခြမ်းမှ နယ်စပ်ခြံစည်းရိုး ကျော်တက်နေသူ မသင်္ကာဖွယ်ရာ လူနှစ်ဦးကို တွေ့ရှိတဲ့အတွက် ဖမ်းဆီးစစ်ဆေးရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၁၂၅ဝ ပြားကို သိမ်းဆည်းရမိခဲ့ပါတယ်။

သတင်း - လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013