DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင်မင်းရာဇာအမှု တရားလိုဖြစ်သူကို စတင်စစ်ဆေး
DVB
·
June 26, 2020
သရုပ်ဆောင်မင်းရာဇာအမှု တရားလိုဖြစ်သူကို စတင်စစ်ဆေး
Donate to DVB

သရုပ်ဆောင်မင်းရာဇာကို စွဲဆိုထားတဲ့ ပုဒ်မ ၃၇၆ အမှုနဲ့ပတ်သက်ပြီး ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ ဇွန်လ၂၆ ရက်က ပထမအကြိမ်ရုံးထုတ်ပါတယ်။

ရုံးထုတ်ရာမှာ သရုပ်ဆောင်မင်းရာဇာကို တရားလိုပြုတိုင်တန်းထားတဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့မိန်းကလေးရဲ့ မိခင်ဖြစ်သူကို စတင်စစ်ဆေးခဲ့တာပါ။ လာမယ့်  ဇူလိုင်လ ၃ ရက်နေ့မှာတော့ တရားလိုဖြစ်သူကို ဆက်လက်စစ်ဆေးသွားမှာ လည်းဖြစ်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှာတော့ ပုဒ်မ ၄ ခုနဲ့တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာအပါအဝင် ၃ ဦးနဲ့ မင်းရာဇာရဲ့ ယောက်က္ခမဖြစ်သူ ဦးမောင်မောင်အေးတို့ကို ဇွန်လ ၂၅ ရက်က မြောက်ဥက္ကလာပ မြို့နယ်တရားရုံးမှာ (၅) ကြိမ်မြောက် ရုံးချိန်းမှာ အမှုတွဲတွေ ပြန်မရောက်သေးတာကြောင့် အမှုစစ်ဆေးတာတွေ မပြုလုပ်သေးဘဲ  ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ပါတယ်။

သရုပ်ဆောင်မင်းရာဇာကို ရာဇသတ်ကြီးပုဒ်မ ၃၂၆ အပြင် ပုဒ်မ ၃၄ ကိုလည်းတွဲကာ တရားစွဲဆိုထားပါတယ်။

ပုဒ်မ ၃၄ ကတော့ အကြံတူတစ်ခုကို ပူးပေါင်းပါဝင်ကြောင်း ပြဋ္ဌာန်းထားတဲ့ပုဒ်မဖြစ်ပါတယ်။ ပုဒ်မ ၃၂၆ မှာ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် သို့မဟုတ် မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှုဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013