DVB Logo
Home
မြန်မာသတင်း
ရဟတ်ယာဉ်အမှုဆက်လက်ရုံးထုတ် တရားလိုကို အပြန်လှန်စစ်မေး
DVB
·
May 30, 2022
ရဟတ်ယာဉ်အမှုဆက်လက်ရုံးထုတ် တရားလိုကို အပြန်လှန်စစ်မေး
Donate to DVB

နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့အပေါ် စစ်ကောင်စီက တရားစွဲဆိုထားတဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိအမှုတွေအတွက်  မေလ ၃၀ ရက်မှာ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားလို ဦးအောင်ခန့်ကိုပဲ စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက အပြန်အလှန်စစ်မေးမယ်ခဲ့ပြီး တရားလိုက ရဟတ်ယာဉ်၀ယ်ယူမှုနဲ့ပတ်သက်တဲ့ အစိုးရနဲ့ ကုမ္ပဏီကြား စာချုပ်စာတမ်းတွေကို တရားရုံးကို တင်ပြဖို့ သတ်မှတ်ထားပေမယ့် ဒီနေ့ရုံးချိန်းမှာလည်း မတင်ပြနိုင်ခဲ့ဘူးလို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြည်သူတွေအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဝယ်ယူ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံခေါင်းဆောင်တွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာဖြစ်ပါ တယ်။

ရုံးချိန်းကို လာရောက်တဲ့ နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း အဆိုပါတရားရုံးနဲ့နီးစပ်သူက ဆိုပါတယ်။

ဒီအမှု ရုံးချိန်းကို ဇွန်လ ၆ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013