DVB Logo
Home
မြန်မာသတင်း
Quarantine ဝင်ရန်သွားခေါ်စဉ် ဓားဖြင့်လိုက်ခုတ်သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ
DVB
·
June 25, 2020
Quarantine ဝင်ရန်သွားခေါ်စဉ် ဓားဖြင့်လိုက်ခုတ်သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ
Donate to DVB

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ ထိုင်းနိုင်ငံမှ ပြန်လာတဲ့ မိသားစုကို  Quarantine ထားရှိဖို့အတွက်  သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို အမျိုးသားတစ်ဦးက ဓားနဲ့ လိုက်ခုတ်တဲ့အတွက် သေနတ်နဲ့  ပစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။ 

ဇွန် ၂၃ ရက်နေ့က ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ချောင်းမွန်ကျေးရွာမှာ ထိုင်းနိုင်ငံက​နေ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသူ မိသားစု ၅ ဦး ရောက်ရှိ နေတယ်လို့ သတင်းပေးချက်အရ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလွင်မိုးသူနဲ့ အဖွဲ့က အဆိုပါ မိသားစုကို မိုးလုံလေလုံအားကစားရုံရှိ Facility Quarantine Center မှာထားရှိဖို့ သွားရောက်ခေါ်​ဆောင်ခဲ့တာပါ။

လာရောက်ခေါ်ဆောင်သူတွေကို ထိုင်းနိုင်ငံမှဝင်ရောက်လာတဲ့ မိသားစုဝင်တဦးဖြစ်တဲ့ ဦးသိန်းနိုင်က ဓားနှစ်ချောင်းနဲ့ လိုက်လံထိုးခုတ်တာကြောင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ထွက်ပြေးခဲ့ရတယ်လို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီနောက် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ပြည်ကြီးမဏ္ဍိုင်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင် တွေနဲ့ အတူ ဦးသိန်းနိုင်ကို သွားရောက်ရှာဖွေရာမှာ ဦးသိန်းနိုင်က နေအိမ်ရှေ့ ချုံပုတ်မှာကွယ်ပြီး လာရောက်ဖမ်းဆီးသူတွေကို ဓားနှစ်ချောင်းနဲ့ လိုက်လံထိုးခုတ်ခဲ့တဲ့အတွက် ရဲက သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် ဦးသိန်းနိုင်ရဲ့ ဝဲဘက်ပေါင်းအရင်းကို ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်ရရှိ ခဲ့ပြီး ဓားနဲ့ ဆက်လက်ထိုးခုတ်နေတဲ့အတွက် ထပ်မံပစ်ခတ်ရာ ဝဲခြေသလုံးအလယ်သို့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး ဦးသိန်းနိုင်ကို ပြည်ကြီးမဏ္ဍိုင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့တယ်လို့ သိရပါတယ်။

ဓားနဲ့ရန်ပြုသူ ​ဦးသိန်းနိုင် (၅၈)နှစ်ကို ပြည်ကြီးမဏ္ဍိုင်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၇၊ ၃၅၃ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့  ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း- လတ်ကိုကိုဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013