DVB Logo
Home
မြန်မာသတင်း
နှင်းဆီအငြိမ့်အဖွဲ့ ၁၄ နှစ်ပြည့် H2H Talk ထုတ်လွှင့်မည်
DVB
·
June 24, 2020
နှင်းဆီအငြိမ့်အဖွဲ့ ၁၄ နှစ်ပြည့် H2H Talk ထုတ်လွှင့်မည်
Donate to DVB

ဆယ်စုနှစ်နဲ့ချီ ပရိသတ်တွေကြားမှာ ရေပန်းစားအားပေးမှုတွေ အခိုင်အမာရရှိခဲ့တဲ့ နှင်းဆီအဖွဲ့ရဲ့ ၁၄ နှစ်ပြည့် H2H Talk ကို မကြာခင်မှာ ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်ပြီး နာမည်ကြီး သရုပ်ဆောင် မင်းသား မင်းသမီးတွေ ပါဝင်တင်ဆက်တဲ့ နှင်းဆီအငြိမ့်အဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အခုနှစ်မှာတော့ ၁၄ နှစ်ပြည့် ဆင်စွယ်ရတုမြောက်ခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား နေတိုး အပါအဝင် နာမည်ကြီး သရုပ်ဆောင်မင်းသားတွေ ဖြစ်ကြတဲ့ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးတို့ နှင်းဆီအဖွဲ့သားတွေ ပါဝင်တဲ့ H2H Talk ကို လာမယ့် ဇူလိုင်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေ မှာ SkyNet TeenChannel ကနေ ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။

“နှင်းဆီအဖွဲ့ ကမ္ဘာပတ်ပြီး ဖျော်ဖြေခဲ့တဲ့ ဘယ်တုန်းကမှမပြဘဲ ဝှက်ထားခဲ့တဲ့ ၁၄ နှစ်ကာလအတွင်းက ချစ်ခင်မှုတွေ၊ စည်းလုံးမှုတွေ၊ ညှာတာမှုတွေ၊ လေးစားမှုတွေ၊ ညီရင်းအစ်ကိုပမာ စောင့်ရှောက်မှုတွေ၊ နားလည်မှုတွေ၊ခွင့်လွှတ်မှုတွေ၊ သံယောဇဉ်တွေ၊ ငယ် ကျိုးငယ်နာတွေ၊ မထင်မှတ်တဲ့ ရယ်စရာတွေ၊ ပင်ပန်းဆင်းရဲဒုက္ခရောက်ခဲ့တာတွေကို ရယ်စရာအဖြစ် နှင်းဆီတို့ရဲ့ထုံးစံအတိုင်း တဝါးဝါး တဟားဟား ရယ်မောကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။”

ဒီအစီအစဉ်မှာတော့ ဒါရိုက်တာမောင်မျိုးမင်းနဲ့ ဒီမိုးစက်တို့က Host တွေအနေနဲ့ ပါဝင်ထားကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013