DVB Logo
Home
မြန်မာသတင်း
မဟာအောင်မြေကျောက်ဝိုင်း ၃ လခန့်ပိတ်ထားသဖြင့် ကျောက်သမားများ စားဝတ်နေရေးထိခိုက်
DVB
·
June 21, 2020
မဟာအောင်မြေကျောက်ဝိုင်း ၃ လခန့်ပိတ်ထားသဖြင့် ကျောက်သမားများ စားဝတ်နေရေးထိခိုက်
Donate to DVB

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းကို ကိုဗစ်-၁၉ ကာလ ကျောက်ဝိုင်းပိတ်တာ ရက်ရှည်လာတဲ့အတွက် စားဝတ်နေရေး ထိခိုက်လာနေတယ်လို့ ကျောက်သမားတွေက ပြောပါတယ်။

အခုဆိုရင် ကျောက်ဝိုင်းပတ်ဝန်းကျင်မှာ လူစုလူဝေးနဲ့ အရောင်းအဝယ်လုပ်တာတွေရှိနေပြီး ကျောက်ဝိုင်းကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့ ကျောက်သမားတွေက လိုလားနေကြတာပါ။

၁ ရက်ကို လူဦးရေ သောင်းချီ အဝင်အထွက်ရှိတဲ့ ကျောက်ဝိုင်းကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတာကြောင့် မတ်လ ၂၄ ရက်နေ့က စတင်ပြီး ယာယီပိတ်ခဲ့တာဟာ အခုဆိုရင် ၃ လ နီးပါးရှိပြီဖြစ်ပါတယ်။ 

လူတအားများတဲ့အတွက် လူနည်းသွားအောင်  ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီအနေနဲ့ အဆိုင်းလိုက်လုပ်မယ့် စီမံချက်ကို တင်ခိုင်းထားကာ စစ်ဆေးတဲ့အဖွဲ့နဲ့ စစ်ဆေးပြီး စိတ်ချရတဲ့အခါ ပြန်ဖွင့်ပေးသွားမယ်လို့ တိုင်းအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။

  ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီအနေနဲ့ ကျောက်ဝိုင်းပြန်ဖွင့်ရဖို့အတွက်  တိုင်းအစိုးရအဖွဲ့နဲ့ မြို့တော်ဝန်ဆီကို တင်ပြတာ နှစ်ကြိမ်ထိရှိပြီ ဖြစ်ပေမယ့် ဖွင့်ခွင့်မရသေးဘူးလို့ ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

အစိုးရက ကျောက်ဝိုင်းပြန်ဖွင့်ခွင့်ပေးလိုက်တဲ့အချိန်မှာ အဆင်သင့်အနေအထားနဲ့ စနစ်တကျစိစစ်နိုင်ဖို့ ကျောက်သမားတွေကို ကျောက်ဝိုင်းဝင်ခွင့်ကတ်တွေ လုပ်ပေးတာ၊ ကျန်းမာရေးဝန်ထမ်းတွေ ငှားတာ စတာတွေကို လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013