DVB Logo
Home
မြန်မာသတင်း
ပလက်၀ရှိ စစ်ရှောင်ကလေးများ စာသင်ကြားနိုင်ရေး ပြည်နယ်အစိုးရ စီစဉ်နေ
DVB
·
June 16, 2020
ပလက်၀ရှိ စစ်ရှောင်ကလေးများ စာသင်ကြားနိုင်ရေး ပြည်နယ်အစိုးရ စီစဉ်နေ
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝ တိုက်ပွဲရှောင် ကလေးများ ပညာသင်ကြားနိုင်ရေး ပြည်နယ်အစိုးရက စီစဥ်နေတယ်လို့ စည်ပင်သာယာရေး လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

ကျောင်းသားဦးရေ ၂၀၀၀၀ ကျော်ရှိနေတဲ့ တိုက်ပွဲရှောင်ဒေသ ပလက်ဝနဲ့ စမီး ဒေသမှာ ကျောင်းဆောင် တခုစီတည်ဆောက်နေပြီး ပေ ၁၂၀× ၃၀ သွပ်မိုး ဝါးကာ တည်ဆောက်ပြီး နောက်တနေရာမှာ ပေ ၈၀×၃၀ မြေစိုက် ဝါးထရံကာနဲ့ ကျောင်းပရိဘောဂတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဆမီးမြို့ အထက်တန်းကျောင်းနဲ့ အလယ်တန်းကျောင်းမှာရှိတဲ့ ပရိဘောဂဟောင်းတွေကို ရသလောက် ပြန်လည်ပြင်ဆင်နေပြီး ကျောင်းသားဦးရေနဲ့ ကျန်းမာရေးအတွက် မနက်ပိုင်း ညပိုင်း အချိန်ခွဲစနစ်နဲ့ သင်ကြားပေးမှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ချင်းပြည်နယ် ပလက်ဝဒေသဟာ တိုက်ပွဲနေရာတွေဖြစ်တော့ ကလေးတွေ ကျောင်းတက်နိုင်မလား။ ဆရာ ဆရာမတွေရော သွားနိုင်လာနိုင်ပါ့မလား စိုးရိမ်တယ်လို့ CHIN IDP Support Committee  အတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။

အဲဒီဒေသမှာ အခုချိန်ထိ တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေရှိနေပြီး နယ်မြေ မငြိမ်းချမ်းတာတွေ ဖြစ်နေပါတယ်။ 

ပလက်ဝနဲ့ စမီးမှာ အထက်တန်းကျောင်း၊ အလယ်တန်း၊ မူလတန်းတို့မှာ ကျောင်းသားဦးရေ ၁၂,၂၇၃ ဦးထိ ရှိနေတယ်လို့  CHIN IDP Support Committee က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013