DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၂၀၉၁ ခုတွင် ကိုဗစ်-၁၉ လူနာသစ် မတွေ့၊ ၂ ကြိမ်ဆက်ပိုးမတွေ့သူ ၈ ဦးရှိ
DVB
·
June 16, 2020
ဓာတ်ခွဲနမူနာ ၂၀၉၁ ခုတွင် ကိုဗစ်-၁၉ လူနာသစ် မတွေ့၊ ၂ ကြိမ်ဆက်ပိုးမတွေ့သူ ၈ ဦးရှိ
Donate to DVB

ဇွန် ၁၅ ရက်နေ့အတွက် ဓာတ်ခွဲနမူ ၂၀၉၁ ခုအား နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရှိဘဲ လူနာဟောင်းထဲက နှစ်ကြိမ်ဆက် ပိုးမတွေ့သူ ၈ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲ နမူနာ ၁,၁၂၃ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၂၁၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၃၇၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၂၆၇ ခုနဲ့ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) က ဓာတ်ခွဲနမူနာ ၁၁၉ ခု၊ စုစုပေါင်း ၂,၀၉၁ ခုအား စစ်ဆေးပြီးစီးခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၂ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက လူနာအမှတ် ၁၂၉, ၁၃၅, ၁၃၆,၁၅၈,၁၅၉,၁၆၀,၂၀၂ နဲ့ ၂၁၈ တို့ကို စစ်ဆေးချက်အရ  ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိဘူးတာကြောင့် ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၇၅ ဦးရှိပြီလို့ ဆိုပါတယ်။

အဲဒီထဲက ၁၆၀ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုနေပါတယ်။

ဇွန် ၁၄ ရက်နေ့၊ မွန်းတည့် ၁၂ နာရီမှ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအထိ စောင့်ကြည့်လူနာအသစ် ၃၅ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013