DVB Logo
Home
မြန်မာသတင်း
မရမ်းကုန်းမြို့နယ်ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်
DVB
·
June 15, 2020
မရမ်းကုန်းမြို့နယ်ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးရှိ  မရမ်းကုန်းမြို့နယ်ကို  Stay at Home အစီအစဉ်မှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက  ဇွန်လ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

ရန်ကုန်တိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုနဲ့ ကပ်ရောဂါဗေဒဆိုင်ရာ အချက်အလက်တွေအရ ရောဂါထိန်းချုပ်မှုနဲ့ စပ်လျဉ်းပြီး တိုးတက်မှုရှိတာကို တွေ့ရှိရလို့ ဒီကနေ့ ဇွန်လ ၁၅ ရက် ၄ နာရီကစပြီး မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ Stay at Home အစီအစဉ်မှာ အကျုံးခြင်းမှ  ပယ်ဖျက်ပေးလိုက်တာလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာထိန်းချုပ်နိုင်ဖို့ ရန်ကုန်တိုင်းက ၁၀ မြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ၁ မြို့နယ် စုစုပေါင်း ၁၁ မြို့နယ်က ပြည်သူတွေ မိမိနေအိမ်မှာသာနေထိုင်ကြဖို့ Stay at Home အစီအစဉ်ကို ကျန်းမာရေးဌာနက ချမှတ်ပေးထားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်နဲ့ တာမွေမြို့နယ်တို့မှာ နေထိုင်တဲ့ ပြည်သူတွေအတွက် နေအိမ်မှာနေထိုင်ရေး အစီအစဉ်ကို ပြီးခဲ့တဲ့မေလ ၂၉ ရက်ကစတင် ပယ်ဖျက်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်မှာတော့ ရန်ကုန်တိုင်းက ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့မှာနေထိုင်တဲ့ ပြည်သူတွေအတွက် နေအိမ်မှာနေထိုင်ရေးအစီအစဉ်ကို ပယ်ဖျက်ခဲ့ပါတယ်။

အခုအခါ Semi lockdown စာရင်းဝင် stay at home နေထိုင်ရမယ့်မြို့နယ်ပေါင်း ၁၁ မြို့နယ်အထဲက ပယ်ဖျက်ပေးခဲ့တဲ့မြို့နယ် ၁၀  မြို့နယ်ရှိသွားပြီဖြစ်ပြီး stay at home အစီအစဉ် ဆက်လက်နေထိုင်ရမယ့် စာရင်းမှာ အင်းစိန်မြို့နယ် တစ်မြို့နယ်သာ ကျန်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013