DVB Logo
Home
မြန်မာသတင်း
မကွေးမြို့ရှိ ဟိန္ဒူဂေါပကအဖွဲ့က အဖွဲ့ပိုင်ငွေကျပ် သိန်း ၆၀၀ ကျော် စာရင်းမရှင်းပေးသဖြင့် တိုင်ကြားခံရ 
DVB
·
June 15, 2020
မကွေးမြို့ရှိ ဟိန္ဒူဂေါပကအဖွဲ့က အဖွဲ့ပိုင်ငွေကျပ် သိန်း ၆၀၀ ကျော် စာရင်းမရှင်းပေးသဖြင့် တိုင်ကြားခံရ 
Donate to DVB

မကွေးမြို့ရှိ ဟိန္ဒူဂေါပကအဖွဲ့က အဖွဲ့ပိုင်ငွေ ကျပ်သိန်း ၆၀၀ ကျော်လောက်ကို စာရင်းရှင်းမပေးလို့ အဆင့်ဆင့် တိုင်ကြားခဲ့ပေမဲ့ ယနေ့အချိန်ထိ စာရင်းရှင်းလင်းခြင်းမရှိဘူးလို့ မြို့ခံ ဟိန္ဒူဘာသာဝင်တွေက ပြောပါတယ်။

ဦးကီရမ်း(ခ)အောင်မြင့်က “အရင်ဂေါပကအဖွဲ့ရော အခုဂေါပကအဖွဲ့ပါ ငွေကြေးစာရင်းရှင်းဖို့ တောင်းဆိုခဲ့ရာ တိုင်ချင်တဲ့နေရာသာတိုင်၊ ဂရုမစိုက်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်ကလည်း ဂေါပကအသစ်သာ ဖွဲ့စည်းပေးခဲ့ပြီး စာရင်းတွေကို အသေးစိတ် စစ်ဆေးပေးတာ မရှိပါဘူး။ အဖွဲ့ချုပ်ရဲ့ အကြမ်းဖျင်း စစ်ဆေးချက်အရ စျေးဆိုင်ခန်းဝင်ငွေ တစ်လကို ကျပ်  ၅ သိန်းနှုန်းနဲ့ အရင်ဂေါပကအဖွဲ့ ၁၁ နှစ်တာအတွင်း ဝင်ငွေ သိန်းကျပ် ၆၆၀ ရှိတယ်လို့ သိရပြီး စာရင်းရှင်းလင်းနိုင်ခြင်း မရှိပါဘူး။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဟိန္ဒူဘာသာဝင် ၁၇ ဦး လက်မှတ်ရေးထိုးကာ တိုင်းအဆင့်၊ ဗဟိုအဆင့်နဲ့ အစိုးရဌာနဆိုင်ရာကို တင်ပြခဲ့ပေမဲ့လည်း ဘာသာရေးအဖွဲ့စည်းရဲ့  သဘောထားမှတ်ချက်ပါမှ ဖြေချင်းပေးနိုင်မယ်လို့ ပြောပါတယ်။ ဟိန္ဒူဘာသာဝင်တွေအနေနဲ့တော့ စာရင်းပြလို့ တစ်ကျပ်မှ မကျန်ခဲ့ရင်တောင် စာရင်းဇယားကို တိတိကျကျ ရှင်းလင်းပေးရင် ကျေနပ်ပါတယ်” လို့  ဒီဗွီဘီကိုပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့  မကွေးမြို့ ဟိန္ဒူဂေါပကဥက္ကဋ္ဌ ဦးဟနီးကို ဆက်သွယ်ခဲ့ရာမှာ အင်တာဗျူးခွင့်မပေးသလို တိုင်းဒေသကြီး ဟိန္ဒဘာသာရေးအဖွဲ့ ဥက္ကဋ္ဌကို ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း  ဒီကိစ္စထဲကိုဝင်မပါချင်လို့ အင်တာဗျူးခွင့်မပေးဘူးလို့ ပြောပါတယ်။

မကွေးမြို့မှာတော့ ဟိန္ဒူဘာသာရေးပွဲအနေနဲ့ နှစ်စဉ်  စန္ဒီမယ်တော်ပူဇော်ပွဲနဲ့ ကစ်ချနား မွေးနေ့ပွဲ နှစ်ခုသာ အဓိကပြုလုပ်လေ့ရှိပြီး ဘာသာရေး အခမ်းအနားငယ်တွေကိုတော့ အလျဉ်းသင့်သလို ပြုလုပ်ကြပါတယ်။

သတင်း- မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013