DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၂၀၄၇ ခုတွင် ရောဂါပိုးမတွေ့၊ ရောဂါပိုးကင်းစင်လာသူ ၁၆၇ ဦးရှိပြီ
DVB
·
June 14, 2020
ဓာတ်ခွဲနမူနာ ၂၀၄၇ ခုတွင် ရောဂါပိုးမတွေ့၊ ရောဂါပိုးကင်းစင်လာသူ ၁၆၇ ဦးရှိပြီ
Donate to DVB

ဇွန် ၁၃ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၀၄၇ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် မတွေ့ရဘဲ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၆၇ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ဓာတ်ခွဲနမူနာ ၁,၂၁၇ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၁၈၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၇၈ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၃၆၈ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၂,၀၄၇ ခုအား စစ်ဆေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၆၁ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်း ဓာတ်ခွဲနမူနာစစ်ဆေးမှုမှာ လူနာအမှတ် ၁၃၇ နဲ့ ၂၀၇ တို့ ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိတာကြောင့် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၆၇ ဦးရှိပြီလို့ ဆိုပါတယ်။

အဲဒီထဲက ၁၅၈ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုနေကြောင်း၊ ဇွန် ၁၂ ကနေ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအထိ စောင့်ကြည့်လူနာအသစ် ၃၇ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဒသမ ၈ သန်းကျော်နဲ့ သေဆုံးသူ ၄ သိန်း ၃ သောင်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၄ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013