DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းကူးစက်မှုနည်းလာ၍ ပြည်သူများ ကျန်းမာရေးကာကွယ်မှု အားနည်းလာ၊ အရေးယူရန် လိုအပ်
DVB
·
June 12, 2020
ပြည်တွင်းကူးစက်မှုနည်းလာ၍ ပြည်သူများ ကျန်းမာရေးကာကွယ်မှု အားနည်းလာ၊ အရေးယူရန် လိုအပ်
Donate to DVB

ကိုဗစ်-၁၉ ရောဂါပြည်တွင်းကူးစက်မှုနည်းလာတာကြောင့် ပြည်သူတွေရော တာဝန်ရှိသူ တွေပါ ကျန်းမာရေးကာကွယ်မှု အားနည်းလာပြီး  အရင်လို အရေးယူဒဏ်ရိုက်တာမျိုး လုပ်ဖို့ လိုသေးတယ်လို့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာ ပြည်ပနိုင်ငံက ပြန်လာသူတွေမှာသာ အဖြစ်များလာသလို ပြည်တွင်းကူးစက်မှုကျဆင်းလာတဲ့အပေါ် ရန်ကုန်မြို့မှာ နေထိုင်သူတွေအနေနဲ့ လိုက်နာမှုအားနည်းလာပါတယ်။ 

လူစည်ကားရာနေရာတွေဖြစ်တဲ့ ဈေးတွေနဲ့ YBS ယာဉ်တွေပေါ်မှာ အရင်လို လူစည်ကား လာပေမယ့် ကျန်းမာရေးဝန်ကြီဌာနက ထုတ်ပြန်ထားတဲ့ အပြင်ထွက်တိုင်း Mask တပ်ဖို့အပါအဝင် လက်ကို မကြာခဏဆေးကြောဖို့ စတဲ့ ကျန်းမာရေးကာကွယ်မှုတွေ လုပ်ဆောင်မှုနည်းလာတာပါ။

ပြည်တွင်းကူးစက်မှု ကျဆင်းလာတဲ့အပေါ်  ဈေးတွေမှာ ဈေးရောင်းချသူတွေအားလုံး Mask မတက်ကြတော့သလို ဈေးဝယ်သူတဝက်လောက်လည်း Mask မတပ်ကြတော့တဲ့အပေါ် အသိပေး ကြေညာမှုတွေနဲ့ အရေးယူဒဏ်ရိုက်မှုတွေကို ဇွန်လကုန်အထိလုပ်ဖို့ လိုတယ်လို့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်က စိုးရိမ်မှုတွေနဲ့ ကြောက်ရွံမှုတွေကြောင့် လိုက်နာမှုအားကောင်းခဲ့ပေမယ့် လက်ရှိမှာတော့ စားဝတ်နေရေး အခက်အခဲတွေဖြစ်လာလို့ ရောဂါကူးစက်ခံရမှာ စိုးရိမ်မှုမရှိတော့ဘူးလို့ အနှေးယာဉ်လုပ်သား ကိုမြင့်စိန်က ပြောပါတယ်။

ပြည်တွင်းကူးစက်မှုနှုန်း ကျဆင်းလာတာ၊ စားဝတ်နေရေးခက်ခဲလာတာတွေကြောင့် လူတွေဟာ စိုးရိမ်ပေမယ့် လူစည်ကားရာဈေးတွေမှာ အရင်လို သွားလာနေကြရတယ်လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ ဦးကျော်စွာက ပြောပါတယ်။

ရန်ကုန်မှာတော့ Social Distancing ကို ဈေးတွေမှာ လိုက်နာမှုအားနည်းသလို စားသောက်ဆိုင်တွေမှာလည်း အစိုးရညွှန်ကြားချက်အတိုင်း ကာရံထားတဲ့ ဆိုင်အနည်းအကျဉ်းသာ ရှိပြီး စားသုံးသူတွေကလည်း လိုက်နာမှုအားနည်းတဲ့အပေါ် ရောဂါဖြစ်ပွားမှု တတိယလှိုင်းအတွက်  စိုးရိမ်စရာရှိတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံအုပ်တဦးက ပြောပါတယ်။ 

WHO ကိုယ်တိုင် ကိုဗစ်-၁၉ ရောဂါမပြီးသေးဘူးလို့ ကြေညာထားသလို အိန္ဒိယနိုင်ငံကနေတဆင့် ကူးစက်မှုကလည်း စိုးရိမ်စရာဖြစ်နေတာကြောင့် လက်ရှိအချိန်ဟာ စိုးရိမ်စရာအကောင်းဆုံးဖြစ်တယ်လို့ ကျန်းမာရေးဋ္ဌာနတာဝန်ရှိသူက ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၁ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013