DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂက မြန်မာနိုင်ငံအတွက် Test Kits ပေါင်း ၇၅,၀၀၀ ကျော်ပေးအပ် 
DVB
·
June 12, 2020
ကုလသမဂ္ဂက မြန်မာနိုင်ငံအတွက် Test Kits ပေါင်း ၇၅,၀၀၀ ကျော်ပေးအပ် 
Donate to DVB

ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် Test Kits ပေါင်း ၇၅,၀၀၀ ကျော် ကုလသမဂ္ဂက မြန်မာနိုင်ငံအစိုးရကို ပေးအပ်လိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဇွန်လ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂက ပေးအပ်တဲ့  Test Kits တွေကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနဲ့  သက်ဆိုင်ရာ ဓာတ်ခွဲမှုဆိုင်ရာဌာနတွေကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အပတ်စဉ် ရန်ကုန်မြို့မှ ကွာလာလမ်ပူမြို့သို့ ပျံသန်းပေးနေတဲ့ World Food Programme’s (WFP) မှ လေယာဉ်တွေနဲ့ မြန်မာနိုင်ငံသို့ Test Kits တွေနဲ့ တခြားအရေးကြီးတဲ့ ပစ္စည်းတွေ၊ လိုအပ်တဲ့ ပစ္စည်းတွေကို ပို့ဆောင်ပေးနေတာလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါအတွက် မြန်မာနိုင်ငံအစိုးရရဲ့ ပြင်ဆင်ရေးနဲ့ တုံ့ပြန်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို  အရှိန်အဟုန် ကောင်းစွာနဲ့ ဆက်လက်ထောက်ပံ့ပေးနေကြောင်းနဲ့ ရောဂါစစ်ဆေးတာဟာ ဓာတ်ခွဲအတည်ပြုလူနာတွေ အလျင်အမြန် ရှာဖွေဖော်ထုတ်ရာမှာ အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ပထမအသုတ်အနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က test reagents အရေအတွက် ၃,၀၀၀ ကျော်၊ The Access to Health Fund မှ test kits အရေအတွက် ၅၅,၀၀၀ ၊  UNICEF  မှ test kits အရေအတွက် ၂၀,၀၀၀ နဲ့ The Access to Health Fundမှ  အလိုအလျောက် စမ်းသပ်နမူနာ ထုတ်ယူတဲ့ စက် နှစ်လုံး မြန်မာနိုင်ငံအတွက် ပေးအပ်ထားပါတယ်။

ဓာတ်ပုံ- UN Myanmar 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013