DVB Logo
Home
Lead Story
သံစုံတီးဝိုင်းနှင့် တွဲဖက်သီဆိုထားသည့် ဖြူဖြူကျော်သိန်းသီချင်းသစ် (ရုပ်သံ)
DVB
·
June 10, 2020
သံစုံတီးဝိုင်းနှင့် တွဲဖက်သီဆိုထားသည့် ဖြူဖြူကျော်သိန်းသီချင်းသစ် (ရုပ်သံ)
Donate to DVB

       အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေလေ့ရှိတဲ့ အမျိုးသမီး တေးသံရှင် ဖြူဖြူကျော် သိန်းရဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။

       “ထွက်သွားပါတော့”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ဝေဟင်ကိုကိုက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး သံစုံ Orchestra ဂီတသံစဉ်တွေနဲ့ ထူးထူးခြားခြား ဖန်တီးပံ့ပိုးပေးထားခဲ့တာပါ။

       “ကျောခိုင်းလို့ ငါ့ကိုသာ ထားခဲ့… နင်ပြန်ပြီး နောက်လှည့်မကြည့်ပါနဲ့… ငါ့ဘဝနဲ့ ငါ့ကံကြမ္မာပဲမို့… ရင်ဆိုင်မယ်… တွေ့သမျှ အဖြစ်တွေကို… နင်ရှိလည်း မရှိနေသလိုမျိုး ပဲ… ဒဏ်ရာပဲ ထပ်လို့ တိုးမှာပဲ… အသက်မဲ့တဲ့ မင်းကြင်နာမှုများ… နာကျင်စွာ ထပ်မရ ပါရစေနဲ့”

အသက် ၃၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဖြူဖြူကျော်သိန်းဟာ ဆရာဝန်တယောက် လည်းဖြစ်ပြီး ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “လုံးဝမသက်ဆိုင်တော့ပါ” တကိုယ်တော် တေးအယ်လ်ဘမ်နဲ့ ဂီတလောကထဲကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

   အဲဒီနောက်မှာတော့ သူမတူတဲ့ အမိုက်စား သရုပ်ဖော်တင်ဆက်မှုတွေဟာ ပရိ သတ်တွေကြား ထင်ရှားလာခဲ့ပြီး ဆယ်စုနှစ်ချီ အောင်မြင်ခဲ့သူ အဆိုတော်တယောက် ဖြစ် လာခဲ့တာပါ။

သူသီဆိုထားတဲ့ လမ်းခွဲ၊ ချယ်ရီလမ်း၊ အရှုံးထက်ပိုသော၊ လှည့်စားလိုက်စတဲ့ သီ ချင်းတွေဟာ ထင်ရှားသလို တခြားအဆိုတော်တွေနဲ့ တွဲဖက်သီဆိုမှုတွေဖြစ်တဲ့ အတွင်း ကြေ၊ ငါဘုရင်မစတဲ့ သီချင်းတွေနဲ့လည်း အောင်မြင်မှုတွေ ရရှိခဲ့သူပါ။

လက်ရှိမှာတော့ အနုပညာ လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်အ နေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

       “တခါတလေမှာ… မင်း ရင်ထဲ… ငါမှေးစက်ချင်ရဲ့… ဒါပေမယ့်… အိပ်မက်တခုပါ ပဲ… အနှစ်မဲ့တဲ့ မုသာ ဒီအနမ်းနဲ့… ဒဏ်ရာများ နှစ်သိမ့်မပေးပါနဲ့… အလွမ်းစိတ်နဲ့ အမြဲ ယဉ်နေပြီမို့… နင် ပြန်စောင်းငဲ့လို့ ကြည့်မနေနဲ့”

ခုသီချင်းထဲမှာတော့ ဘဝထဲက ထွက်သွားခဲ့တဲ့ ချစ်သူကို နှလုံးသားစေညွှန်ရာ အ ရပ်ဆီ ထွက်သွားဖို့အကြောင်း ကောင်မလေးတယောက်ရဲ့ ပြန်လည်တမ်းတလွမ်းဆွတ် မှုတွေနဲ့ ရိုးရိုးရှင်းရှင်း တေးသွားစာသားတွေနဲ့ ခံစားနားဆင်ကြရမှာဖြစ်ပြီး ဖြူဖြူကျော် သိန်းရဲ့ ထူးခြားတဲ့ အသံ၊ ဂီတပံ့ပိုးမှုတွေနဲ့ ထူးထူးခြားခြား ဖန်တီးထားတာကို တွေ့ကြရ မှာ ဖြစ်ပါတယ်။

“တခါတလေမှာ မင်းလက်ကလေး ဖမ်းဆုတ်ထားလိုက်ချင်ရဲ့… အိပ်မက်တို့ အ လယ်ဝယ်… ထွက်သွားလိုက်ပါ ချစ်သူ… နင့်အပြုံးတုတွေနဲ့အတူ… မင်းပျော်တဲ့ နေရာ ကို… မင်း မျက်နှာမူ… ငါ မတားတော့ပါ ချစ်သူ… မင်း ကျောခိုင်းသွားပါ ချစ်သူ… မင်း ပျော်တဲ့ နေရာကို လွတ်လပ်စွာ ပျံသန်းဖို့… သံယောဇဉ်ကြိုး… ငါတကယ် ဖြတ်လိုက်ပြီမို့ … သွားပါတော့ နင်နှလုံးသား ညွှန်ရာကို… နင်ပျံသန်းလိုက်ပါတော့”

ဒီသီချင်းကိုတော့ Legacy Music ၊ Tay Than Thar Music တို့ကနေ ဖြန့်ချိပေး ထားခဲ့တာဖြစ်ပြီး တေးသံရှင် ဖြူဖြူကျော်သိန်းရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက် ပေါ်မှာလည်း နားဆင်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013