DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၈၄ ခု စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ လူနာသစ် မတွေ့
DVB
·
June 10, 2020
ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၈၄ ခု စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ လူနာသစ် မတွေ့
Donate to DVB

ဇွန် ၉ ရက်နေ့အတွက် ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၈၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိရဘူးလို့ ကျန်မာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီမှာ ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) က ဓာတ်ခွဲနမူနာ ၆၄၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၂၆၁ ခုနဲ့ ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး၊ ခုတင် (၁၀၀၀)က  ဓာတ်ခွဲနမူနာ ၇၄ ခု၊ စုစုပေါင်း ၉၈၄ ခုကို စစ်ဆေးခဲ့တာပါ။

ပထမအသုတ် ဓာတ်ခွဲနမူနာ ၁၀၇၀ ခုကို စစ်ဆေးရာမှာတော့ ရန်ကုန်တိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ  ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂ ဦး စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ည ၈ နာရီမှာ သတင်းထုတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဇွန်လ ၁၀ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉  အတည်ပြုလူနာ ၂၄၆ ဦး၊ သေဆုံးသူ ၆ ဦး၊  ရောဂါကင်းစင်သူ ၁၅၉ ဦးနဲ့ ဆေးရုံကဆင်းခွင့်ပြုသူ ၁၄၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013