
ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်ဟာ ဇွန် ၂၂ ရက်မှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အရှေ့ဘက်တောင်ပံမှာ အခြေစိုက်တဲ့ ဂျာမန်တပ်ဖွဲ့တွေဆီကို သွားရောက်လည်ပတ်ဖို့ လစ်သူယေးနီးယားနိုင်ငံကို ရောက်လာပါတယ်။
သူဟာ ယူကရိန်းစစ်ပွဲမှာ ပိုအရေးပါလာတဲ့ လက်နက်တခုဖြစ်တဲ့ သံချပ်ကာယာဉ်တွေ၊ တင့်ကားတွေနဲ့ လေယာဉ်တွေအပြင် ဒရုန်းတွေကို ဂျာမန်တပ်ဖွဲ့တွေက ပြနေတာကို ကြည့်ရှုခဲ့ပါတယ်။
ရုရှားနယ်စပ်နားက ပတ်ဘရာဒါမြို့မှာလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းတွေအတွင်း ပစ္စတိုးရီးယပ်စ်ဟာ မီဒီယာတွေနဲ့ တွေ့ခဲ့ပါတယ်။
ဥရောပမှာ ဘယ်အစိုးရအာဏာရှိသည်ဖြစ်စေ ဥရောပကို ကာကွယ်ဖို့ အမေရိကန်ရဲ့ အထောက်အပံ့ လျော့ကျလာတဲ့အတွက် ပြင်ဆင်ထားဖို့ လိုတယ်လို့ ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။
Source: Reuters










