DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာ အမှတ် ၁၃၄ ပိုးကင်းစင်သဖြင့် ဖောင်ကြီးတွင် Quarantine နှစ်ပတ်ဝင်ပြီးနောက် အိမ်ပြန် 
DVB
·
June 8, 2020
ကိုဗစ်-၁၉ လူနာ အမှတ် ၁၃၄ ပိုးကင်းစင်သဖြင့် ဖောင်ကြီးတွင် Quarantine နှစ်ပတ်ဝင်ပြီးနောက် အိမ်ပြန် 
Donate to DVB

Negative နှစ်ခါပြတာကြောင့် ပိုးကင်းစင်သွားတဲ့ Panpacific ဝန်ထမ်း ကိုဗစ်-၁၉ လူနာနံပတ်  ၁၃၄ ဟာ ဖောင်ကြီးမှာ Quarantine ၂ ပတ်ဝင်ပြီးတဲ့နောက် ဒီနေ့နေ့လယ်မှာ နေအိမ်ကို ပြန်သွားခဲ့ပြီဖြစ်ပါတယ်။

လူနာနံပတ် ၁၃၄ ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပြီးနောက် တောင်ဥက္ကလာပအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသနေရာက ၅ကြိမ်မြောက်နဲ့ ၆ ကြိမ်မြောက် ဆေးစစ်ရာမှာ  Negative နှစ်ခါပြလို့ ဆေးရုံကဆင်းခွင့်ရပြီး ဖောင်ကြီးမှာ Quarantine ဝင်ခဲ့တာပါ။

Negativeနှစ်ခါပြပြီး ဆေးရုံကဆင်းတဲ့ လူနာတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ Facility Quarantineနှစ်ပတ်၊ Home Quarantine တစ်ပတ်ဆက်နေရမှာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ အတည်ပြုလူနာတွေအနေနဲ့ Negativeနှစ်ခါပြပါက ရောဂါပိုး ကင်းစင်သူအဖြစ်  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013