
ပါကစ္စတန်နိုင်ငံမှာ ဓာတ်ဆီတလီတာကို ရူပီး ၈၀ လျှော့ချပေးလိုက်တယ်လို့ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က ဧပြီ ၃ ရက်မှာ ကြေညာလိုက်ပြီး ဒီလျှော့ချမှုဟာ အစိုးရက ကောက်ခံနေတဲ့ ရေနံ စည်းကြပ်ခွန်ကို လျှော့ချတာကြောင့်လို့ ဆိုပါတယ်။
အစိုးရရဲ့ လောင်စာဆီအခွန်ကို လျှော့ချလိုက်တာကြောင့် ဓာတ်ဆီ တလီတာကို ၄၅၈ ရူပီးကနေ ၃၇၈ ရူပီး ဖြစ်သွားမှာပါ။
ဒီဈေးနှုန်းသစ်ဟာ ညသန်းခေါင်ချိန် ၁၂ နာရီကစပြီး တနိုင်ငံလုံးမှာ ဆိုင်တွေမှာ အကျုံးဝင်မှာ ဖြစ်သလို ဈေးအသစ်နဲ့ ဝယ်ယူနိုင်ပြီ ဖြစ်တယ်။
အနည်းဆုံး နောက်တလအထိ ဒီဈေးအတိုင်း ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ ရှာရစ်ဖ် က ပြောပါတယ်။
အရှေ့အလယ်ပိုင်းက တင်းမာမှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးတက်လာလို့ ဒီဇယ်နဲ့ ရေနံဈေးနှုန်းကို အရင်တစ်ရက်ကပဲ မြှင့်ခဲ့တာဖြစ်ပြီး နောက်တနေ့အကြာမှာပဲ ဒီဆုံးဖြတ်ချက်ကို ထပ်မံပြောင်းလဲ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။










