DVB Logo
Home
မြန်မာသတင်း
မုဒိတာအိမ်ရာ၌ နိုင်ဂျီးရီးယားနိုင်ငံသားများက အမျိုးသမီးများကို နှောင့်ယှက်နေသည့်ကိစ္စ ပြည်တောင်စုအဆင့်အထိ တိုင်ကြားမည် 
DVB
·
June 3, 2020
Donate to DVB

ရန်ကုန်မှာ၊ နိုင်ဂျီးရီးယားနိုင်ငံသားတွေက အမျိုးသမီးငယ်တွေကို ကာယိန္ဒြေပျက်ပြား အောင်နှောင့်ယှက်နေတဲ့အပေါ်  ရန်ကုန်တိုင်းမှာတိုင်ကြားတာအရေးမယူလို့ ပြည်ထောင်စု အဆင့်ထိ တိုင်ကြားမယ်လို့  မရမ်းကုန်းမြို့နယ်  တိုင်းလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ 

မရမ်းကုန်းမြို့နယ် မုဒိတာအိမ်ရာ (၁) မှာ နိုင်ငံဂျီးရီးယားနိုင်ငံသားတွေ  လာရောက်နေထိုင်သူတွေ များလာသလို အဲဒီအိမ်ရာမှာရှိတဲ့ အမျိုးသမီးငယ်တွေကို ကာယိန္ဒြေ ပျက်ပြားအောင် နှောင့်ယှက်မှုတွေ  ရှိနေတာပါ။

နိုင်ဂျီးရီးယားနိုင်ငံသားတွေကတော့ အမျိုးသမီးငယ်တွေကို ဆွဲလားရမ်းလားလုပ်တာ၊ ဖုန်းနံပတ်၊ ဗိုက်ဘာနံပတ်တောင်းတာတွေ လုပ်ဆောင်တဲ့အပေါ် ဒေသခံတွေနဲ့ ပဋိပက္ခ ဖြစ်ပွားနေတာပါ။

ဒီကိစ္စကို ၂၀၂၀နှစ်ဦးပိုင်းကစပြီး အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေကို အကြိမ်ကြိမ် တင်ပြထားပေမယ့် ထူးခြားမှုမရှိတာကြောင့်  ပြည်ထောင်စုအဆင့်အထိ တိုင်ကြားသွားမှာဖြစ်ပြီး လဝကကိုလည်း စစ်ဆေးဖို့ တိုက်တွန်းမယ်လို့ မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောပါတယ်။

မုဒိတာအိမ်ရာ (၁)မှာ  တခြား နိုင်ငံခြားသားတွေလည်း ငှားရမ်းနေထိုင်နေပေမဲ့ အိမ်ရာမှာ နေထိုင်သူတွေနဲ့ ပြဿနာမဖြစ်ခဲ့သလို နိုင်ဂျီးရီးယားနိုင်ငံသားတွေကတော့ အမျိုးသမီးငယ်တွေကို နှောင့်ယှက်နေတာကြောင့်မနေစေချင်ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလအတွင်း စည်းကမ်းမရှိတဲ့ နိုင်ငံခြားသားတွေ များလာတဲ့အပေါ် အမျိုးသမီးငယ်တွေ ကာယိန္ဒြေထိပါးခံနေရတာများလာတာကြောင့် လဝက အနေနဲ့ စိစစ်ပေးဖို့ မုဒိတာအိမ်ရာ (၁) ရဲ့ အဆောင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ဥမ္မာကြည် ပြောပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံသားတွေအများစုက အမျိုးသမီးငယ်တွေကို နှောင့်ယှက်တာများသလို အမျိုးသမီးကြီးတွေဆီကလည်း ဖုန်းနံပတ်နဲ့ ဗိုက်ဘာနံပတ်တောင်းတာတွေ မကြာခဏ ကြုံရတဲ့ အတွက် သမီးပျိုရှိတဲ့ မိဘအနေနဲ့ စိုးရိမ်တယ်လို့ အိမ်ဆောင်သာယာရေးအဖွဲ့ဝင် ဒေါ်စံပယ်က ပြောပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံသားတွေဟာ မုဒိတာအိမ်ရာမှာ အနည်းဆုံး လူ ၇၀ ကျော်လောက်နေထိုင်တယ်လို့  သိရပြီး နှောင့်ယှက်ခံရတဲ့မိသားစုတွေကတော့ အခန်းချင်းနီးကပ်နေ တဲ့အပေါ် ပြန်လည်ရန်ပြုခံရမှာ စိုးရိမ်တယ်လို့ ပြောဆိုကြပြီး တရားဝင်ဖြေကြား တာမျိုးမလုပ်ခဲ့ပါဘူး။

လက်ရှိ မုဒိတာအိမ်ရာ (၁) မှာ အိမ်ရာသာယာရေးအဖွဲ့တွေက နိုင်ဂျီးရီးယားနိုင်ငံသားတွေကို မငှားဖို့အမိန့်ထုတ်ထားတာရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013