DVB Logo
Home
မြန်မာသတင်း
တန်ဖိုးသင့်ညစာ - ပရဟိတဆရာဝန် ဒေါက်တာနန္ဒဝင်း မြဝတီသို့ ရာထူးတိုးဖြင့် ပြောင်းရွှေ့
DVB
·
June 3, 2020
တန်ဖိုးသင့်ညစာ - ပရဟိတဆရာဝန် ဒေါက်တာနန္ဒဝင်း မြဝတီသို့ ရာထူးတိုးဖြင့် ပြောင်းရွှေ့
Donate to DVB

တန်ဖိုးသင့်ညစာနဲ့ နာမည်ကြီးတဲ့ ဒေါက်တာနန္ဒဝင်းဟာ တာဝန်ကျရာ ရှမ်းပြည်နယ်၊ သီပေါ မြို့ဆေးရုံကနေ ကရင်ပြည်နယ်၊ မြဝတီမြို့ဆီ ရာထူးတိုးနဲ့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာပေါ်မှာတော့ လက်ရှိ သီပေါဆေးရုံအုပ်တာဝန်ကနေ ဒုတိယခရိုင်ကုသရေးဦးစီးဌာနမှူးရာထူးနဲ့ ခရိုင်ကုသရေးဦးစီးဌာန၊ မြဝတီခရိုင်ဆီ ပြောင်းရွှေ့ အမိန့်ကြော်ငြာစာနဲ့အတူ ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

“မောမြေမှသည် ဒေါနမြေသို့...  အပုံ ၃၀၀ ပုံ တစ်ပုံကို ရောင်စုံခြယ်သ ပနာရစေခဲ့ပြီ… ယခုတော့ အပုံ ၆၀ ပုံတစ်ပုံအတွက် အိပ်မက်သစ်တွေ အကောင်အထည်ဖော်ရန်… ကြိုးစားခွင့်ပေးသော အထက်လူကြီးများ ဆရာသမားများ မိတ်ဆွေများကို ကျေးဇူးတင်ပါသည်… ဖားစည်တီးသံ မိုးယံ ထက်ဆီ သာယာစေရပါမည်”

၂၀၁၅ ခုနှစ်က တာဝန်ကျရာ အင်္ဂပူမြို့နယ်မှာ ဆင်းရဲနွမ်းပါးသူတွေကို ဆိုက်ကားနဲ့ ထမင်း ဟင်းတွေ လှည့်လည်ရောင်းချပေးတဲ့ “တန်ဖိုးသင့်ညစာ”အစီအစဉ်ကို တည်ထောင်သူအဖြစ် ဒေါက်တာနန္ဒဝင်းကို လူသိများပြီး ပရဟိတနဲ့ လူမှုရေးအကျိုးပြုလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်တဲ့ စေတနာဆရာဝန်တယောက်လို့လည်း သိထားကြတာပါ။

ဒီအတွက် မြန်မာပြည်အကျိုး ထူးခြားဆောင်ရွက်သူတွေအဖြစ် နိုင်ငံတကာရောက် မြန်မာ မိသားစုအသိုင်းအဝိုင်းက ရွေးချယ်ပေးအပ်တဲ့ ပြည်သူ့ဂုဏ်ရည်အထူးဆုကိုလည်း ချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်။

တာဝန်ကျရာ နေရာမှာ အများအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်လေ့ရှိတဲ့ ဒေါက်တာနန္ဒဝင်းက မနေ့ကတော့ သီပေါဆေးရုံမှာ ထားရစ်ခဲ့မယ့် စာအုပ်စင်ကလေးနဲ့အတူ ခုလိုရေးသားပြီး နှုတ်ဆက်ထားပါတယ်။

“၂၀၁၁ TMO စဖြစ်ကတည်းက မိုးညိုမှာ မြို့နယ်ဆရာဝန်၏ စာအုပ်စင်လေး လုပ်ဖြစ်တယ်။ ပြောင်းလာတဲ့ အချိန်မှာ စာရင်းလေးရေးပြီး ထားခဲ့တယ်… ၂၀၁၂ အင်္ဂပူရောက် စာအုပ်တွေ နံပါတ် တပ်၊ category ခွဲ၊ စာအုပ်စင်ကြီးကြီးလေး ထပ်လုပ်ဖြစ်တယ်။ ဘွဲ့လွန်တက်တော့ စာအုပ်စင်လေးကို စာဖတ်ရင်း လွမ်းသေးတယ်… ၂၀၁၇ နေပြည်တော်က မပြောင်းခင် လုပ်ပိုင်ခွင့်ထဲကနေ လှေကားအောက်က Dispatch ဌာနကို သီးသန့် စနစ်တကျ အခန်းရအောင် စီမံရင်း စာကြည့်စင်လေး လုပ်ပေးခဲ့ပါတယ်… ခုလည်း သီပေါမှာ အစဉ်အဆက် ထိန်းသိမ်းနိုင်မယ့် ဆေးရုံအုပ်များအတွက် စာကြည့်စင်လေး ထားခဲ့ပါ့မယ်… ကုသရေး ပြည်သူ့ကျန်းမာ စီမံဘဏ္ဍာ အထွေထွေ CME &CNE NGO တည်ဆဲ အမိန့်များဆိုပြီး ကျွန်တော် အားထားတဲ့ ကျွန်တော့်ကို အထောက်အကူပြုခဲ့တဲ့အတိုင်း ပြင်ဆင်ထားခဲ့ပါပြီ… ဆက်လက်ထိန်းသိမ်းကာ ရှိဆဲ အခြေအနေထက် တိုးတက်အောင်မြင် ဆောင်ရွက်နိုင်ကြပါစေ”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013