DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးကို SKY NET မှတဆင့်သာ မီဒီယာများသတင်းယူရမည်
DVB
·
June 1, 2020
ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးကို SKY NET မှတဆင့်သာ မီဒီယာများသတင်းယူရမည်
Donate to DVB

ဇွန်လ ၂ ရက် ပြန်စတင်မယ့် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးကို မီဒီယာတွေအနေနဲ့ SKY NET ရုပ်သံချန်နယ်တစ်ခုတည်းကနေတဆင့်သာ သတင်းရယူဖို့ စီစဉ်ထားတယ်လို့  လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ 

ရန်ကုန်တိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးကို ဇွန်လ ၂ ရက်နေ့မှာ ပြန်လည်ကျင်းပမှာ ဖြစ်ပေမယ့်  ကိုဗစ်-၁၉ ရောဂါကြောင့် သတင်းသမားတွေဟာ အရင်ကလို လွှတ်တော်ထဲအထိ ဝင်ရောက်ပြီး သတင်းယူလို့ရမှာ မဟုတ်တော့ပါဘူး။

ရန်ကုန်တိုင်းဟာ တခြားတိုင်းနဲ့ပြည်နယ်တွေထက် ကိုဗစ်-၁၉ အတည်ပြုလူနာများတဲ့ အတွက် ကိုယ်စားလှယ်အားလုံး ဟိုတယ် Quarantine ဝင်ရသလို သတင်းရယူဖို့ ကန့်သတ်လိုက်တာဖြစ်ပြီး SKY NET လိုင်းကနေ ပြသဖို့စီစဉ်လိုက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်းလွှတ်တော်တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်အောင်က ပြောပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်မှာ ခုလို့ ပုဂ္ဂလိကမီဒီယာတခုကိုသာ သတင်းရယူခွင့်ပေးပြီး ထုတ်လွှင့်ခိုင်းတာဟာ လွှတ်တော်ကိုယ်တိုင်က မီဒီယာတွေအပေါ်မှာ ဘက်လိုက်မှုနဲ့ မညီမမျှမှုဖြစ်အောင် လုပ်နေသလိုဖြစ်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဦးဇေယျာလှိုင်က သုံးသပ် ပြောပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်မှာ သတင်းရယူတဲ့အခါ အရင်က လွှတ်တော်မကျင်းပမီ လွှတ်တော်ထဲအထိ အချိန်၁၀မိနစ်လောက်  ရိုက်ကူးခွင့်ရသလို လွှတ်တော်ကျင်းပချိန်မှာ မီဒီယာကော်နာမှာ  ပြသထားတဲ့ တီဗီကနေ သတင်းရယူရတာပါ။ 

အလားတူ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေကိုလည်း နေပြည်တော်မှာရှိတဲ့ သတင်းထောက်တွေ  လွှတ်တော်ထဲအထိ သတင်းရယူခွင့်မရှိဘဲ ရုပ်မြင်သံကြားကနေတဆင့်သာ သတင်းရယူနေရတာ ဖြစ်ပါတယ်။

ပြန်လည်ကျင်းပမယ့် ရန်ကုန်တိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးမှာ  လစ်လပ်သွားတဲ့ ရန်ကုန်တိုင်းစီမံဘဏ္ဍာဝန်ကြီးအစားထိုးခန့်အပ်ဖို့ရှိသလို  ၂၀၁၉-၂၀၂ဝ ဖြည့်စွက် ဘတ်ဂျက်နဲ့ ၂၀၂၀-၂၀၂၁ ဘတ်ဂျက်ကို အတည်ပြုဖို့ ရှိနေတာဖြစ်ပါတယ်။

ကိုယ်စားလှယ်အားလုံးကို လွှတ်တော်မပြီးမချင်း ဟိုတယ်Quarantineဝင်ရမယ့် အပေါ်ဆ ဆေးနွေးမှုအပိုင်း အားနည်းသွားနိုင်တယ်လို့ ပြောဆိုမှုတွေရှိနေပြီး အရေးပေါ်အစည်းအဝေး ခေါ်လိုက်တာကြောင့် အရင်လိုမေးခွန်းမေးမြန်းခွင့်မရှိတော့ဘူးလို့လည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးကျော်ဇေယျက ပြောပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်တက်ဖို့ လွှတ်တော်ကိုယ်စားလှယ်အားလုံးအပါအဝင်၊ လွှတ်တော်ဝန်ထမ်းတွေနဲ့ အထောက်အကူပြုအဖွဲ့ဝင် ၉၀ ဦးဟာ  မေလ ၂၉ ရက်ကစလို့  ဟိုတယ်Quarantineဝင်နေရပြီး ကျန်းမာရေး စစ်ဆေးရာမှာတော့ ကိုဗစ်-၁၉ ရောဂါ မတွေ့ရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013