DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ်တွေကို Sky Net ရုပ်သံလိုင်း အခမဲ့တပ်ပေးမည်ဟု ကမ်းလှမ်း
DVB
·
April 21, 2016
လွှတ်တော်ကိုယ်စားလှယ်တွေကို Sky Net ရုပ်သံလိုင်း အခမဲ့တပ်ပေးမည်ဟု ကမ်းလှမ်း
Donate to DVB

လွှတ်တော်ကိုယ်စားလှယ်များကို Sky Net ရုပ်သံလိုင်း ၅ နှစ်စာ အခမဲ့ တပ်ဆင်ပေးမယ်လို့ ကုမ္ပဏီဘက်က ကမ်းလှမ်းထားပြီး ယူ မယူတော့ မဆုံးဖြတ်ကြရသေးဘူးလို့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်ဦးဝေဖြိုးဟန် က ပြောပါတယ်။

ရန်ကုန်မှာ တိုင်းဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ကတဆင့် ကမ်းလှမ်းခဲ့တာဖြစ်ပြီး မတ်လ ကတည်းက ကုမ္ပဏီက ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

“ရန်ကုန်တိုင်းမှ မဟုတ်ဘူးဗျ။ နေပြည်တော်က လူတွေကောလို့ ပြောတယ်။ စကိုင်းနက်တီဗီကို လိုက်တပ်ပေးမယ်ဆိုပြီးတော့ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ကို ပြောတာကတော့ ယူချင်တဲ့သူ ယူ၊ မယူချင်တဲ့သူ မယူနဲ့၊ အတင်းအကျပ် ယူရမယ်လို့တော့ မဆိုလိုဘူး၊ ကိုယ့်သဘောဆန္ဒနဲ့ ကိုယ်လို့ပဲ ပြောထားတာပေါ့။”

လွှတ်တော်များ ရပ်နားထားချိန်ဖြစ်လို့ အဲ့ဒီကိစ္စ မဆုံးဖြတ်ရသေးဘူးလို့လည်း ပြောပါတယ်။

နေပြည်တော်သင်္ကြန်တွင်း မီဒီယာမဏ္ဍပ်ကြီးတခုက မဏ္ဍပ်လာတဲ့ အရေးကြီးပုဂ္ဂိုလ်ရဲ့ ကိုယ်ရေး အရာရှိကို ကျပ်သိန်း ၅၀ ပေးလို့ သမ္မတရုံးက အဲ့ဒီမီဒီယာပိုင်တဲ့ကုမ္ပဏီကို ဧပြီ ၂၀ ရက်ကပဲ သတိပေးခဲ့ပါသေးတယ်။

သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်ကတော့ ဒီကိစ္စတွေ ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“အကောင်းဆုံးကတော့ အခု ဖြစ်ပျက်နေတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ လာဘ်ပေး လာဘ်ယူ ဥပဒေအဖြစ်သတ်မှတ်ပြီး နောက်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအဖြစ် ပြောင်းလဲခဲ့တဲ့ ဥပဒေကို မြန်မာနိုင်ငံအခြေအနေနဲ့အညီ ပြန်လည်သုံးသပ်ပြီးတော့ ဥပဒေရဲ့ ခေါင်းစဉ်နဲ့ ကိုက်ညီအောင် အဂတိလိုက်စားမှု တားမြစ်နိုင်တဲ့အချက်တွေကို တိတိကျကျ ရေးခြင်းအားဖြင့် ယိုပေါက် ဟာပေါက်တွေကို ပိတ်ဆို့နိုင်မယ်လို့ ယူဆပါတယ်”

အဂတိလိုက်စားမှုအလေ့အထကို အချိန်တိုကာလအတွင်း လုံးဝပျောက်သွားစေဖို့အတွက် နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုးပြီး ဗဟိုရုံးတွေ၊ ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ ပြည်နယ်/တိုင်း အစိုးရတွေထံကို ဧပြီလ ၁ ရက်(သောကြာနေ့) ရက်စွဲနဲ့ ပေးပို့ ဖြန့်ဝေခဲ့တဲ့ “လက်ဆောင် ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်” မှာ ““ကျပ်ငွေနှစ်သောင်းခွဲထက် မပိုသော လက်ဆောင်ပစ္စည်း၊ (အဖွဲ့အစည်း တခု/လူပုဂ္ဂိုလ် တစ်ဦးထံမှ လက်ခံ ရယူသည့် လက်ဆောင်ပစ္စည်းသည် တစ်နှစ်လျှင် ကျပ်တစ်သိန်း တန်ဖိုးထက် မပိုစေရ)၊ မိသားစုဆက်ဆံရေး နှင့် ပုဂ္ဂိုလ်ရေးခင်မင်မှုအရ (တားမြစ်ထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် အကျုံးမဝင်သူများ)ပေးသော လက်ဆောင်ပစ္စည်း၊ အခါကြီးရက်ကြီးများတွင် ဂါရဝပြုပေးအပ်သည့် ကျပ်ငွေ (တသိန်း) ထက်မပိုသော လက်ဆောင် ပစ္စည်းများကိုသာ ခြွင်းချက်ဖြင့် လက်ခံခွင့်ပြုထားသည်။” လို့ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013