DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် ကန့်သတ်ဧရိယာထဲ ငါးဖမ်းသည့်သင်္ဘောများ ဇွန်လဆန်း စတင်အရေးယူမည်
DVB
·
May 30, 2020
တနင်္သာရီတိုင်းတွင် ကန့်သတ်ဧရိယာထဲ ငါးဖမ်းသည့်သင်္ဘောများ ဇွန်လဆန်း စတင်အရေးယူမည်
Donate to DVB

တနင်္သာရီတိုင်းအတွင်း ပညာပေးကာလ ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ကန့်သတ်ဧရိယာတွေထဲ ငါးဝင်ရောက်ဖမ်းဆီးနေတဲ့ ငါးဖမ်းသင်္ဘောတွေကို ဇွန်လဆန်းပိုင်းကနေ စပြီး အရေးယူတော့မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရေယာဉ်ထိန်းချုပ်စောင့်ကြည့်ရေးစနစ် VMS စနစ်ကို ကမ်းဝေးငါးဖမ်းသင်္ဘောတွေမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ငါးဖမ်းရာသီကစတင်ပြီး အပြီးတပ်ဆင်ပြီး စောင့်ကြည့်ရာမှာ ကန့်သတ်ဧရိယာတွေထဲ ငါးဝင်ရောက်ဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် အဲဒီငါးဖမ်းသင်္ဘောတွေကို ပညာပေးကာလမှာ စာနဲ့သတိပေးတာ၊ ခံဝန်ထိုးခိုင်းတာမျိုး ဆောင်ရွက်ခဲ့ပေမယ့် အခုလာမယ့် ဇွန် ၁ ရက်နေ့ကစပြီး ဖောက်ဖျက်တဲ့ ငါးဖမ်းသင်္ဘောတွေကို  စတင်အရေးယူဆောင်ရွက်တော့မယ်လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသံချောင်းက ပြောပါတယ်။

အရေးယူဆောင်ရွက်ခံရတဲ့နေရာမှာ လှေရှင်တွေကသာ နစ်နာမှုများတာဖြစ်ပြီး မြေပြင်က ကန့်သတ်ဧရိယာတွေထဲ ဝင်ရောက်ပြီး ငါးဖမ်းတာဟာ လှေပဲ့နင်းတွေရဲ့ ဆုံးဖြတ်ချက်အရ ပြုလုပ်တာဖြစ်လို့ လှေပဲ့နင်းတွေကိုလည်း ပြစ်ဒဏ်ချမှတ်သင့်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှသန်းက ပြောပါတယ်။

အဲဒီရှင်းလင်းပွဲမှာ ရေလုပ်ငန်းရှင်တွေအနေနဲ့ ငါးဖမ်းရာသီ ရပ်နားထားတဲ့ ၃ လအတွင်း ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးစနစ် VMS စက်တွေ အမြဲဖွင့်ထားရမယ်လို့ ဆိုတာကြောင့် အခက်ခဲရှိနေတယ်လို့  မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ VMS စနစ် တပ်ဆင်ပြီးတဲ့ ငါးဖမ်းသင်္ဘာ အစီးရေ ၁၅၀၀ ကျော်ရှိပြီး ပညာပေးကာလအတွင်းမှာ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်လို့ သတိပေး ဆောင်ရွက်ခံရတဲ့ ငါးဖမ်းသင်္ဘောအရေအတွက် ၃၀၀ ကျော် ၄၀၀ ဝန်းကျင်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။  

အောင်ကျော်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013