DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် Mask မတပ်သူကို စတင်အရေးယူမည်
DVB
·
May 20, 2020
စစ်ကိုင်းတိုင်းတွင် Mask မတပ်သူကို စတင်အရေးယူမည်
Donate to DVB

စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူတွေအနေနဲ့ နေအိမ်ကနေ အပြင်ထွက်သွားလာရင် မဖြစ်မနေ ပါးစပ်/နှာခေါင်းစည်းတပ်ကြဖို့နဲ့ လိုက်နာမှုမရှိရင် မေလ ၂၂ ရက်ကစတင်  တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်လို့ တိုင်းအစိုးရက အသိပေးထုတ်ပြန်ထားပါတယ်။ 

စစ်ကိုင်းတိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ မေ ၁၉ ရက်က ထပ်မံထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်မှာတော့ ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် နေအိမ်ကနေ အပြင်ထွက်သွားလာသူတိုင်း ပါးစပ်/နှာခေါင်းစည်း တပ်ဆင်သွားလာနိုင်ဖို့ ပညာပေးကာလအနေနဲ့မြို့နယ်တိုင်းမှာ အဖွဲ့ ၃ ဖွဲ့ခွဲပြီး မေလ ၂၀ ကနေ ၂၁ ရက်နေ့ထိ ၂ ရက်တာ ပညာပေးသွားဖို့ ထုတ်ပြန်ထားပါတယ်။ 

မေလ ၂၂ ရက်မှာတော့ လိုက်နာခြင်းမရှိသူတွေကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၁၅ အရ တရားစွဲဆိုရမှာဖြစ်ပါတယ်။ 

လက်ရှိမှာ အစိုးရအဖွဲ့ကလည်း စက်ရုံအလုပ်ရုံတွေကို စိစစ်ပြီး ပြန်လည်ဖွင့်ခွင့်ပေးနေတာ မေလ ၁၈ ရက်နေ့ထိ ၄၆၂ ခုရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းအစိုးရရဲ့ အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၂၀ အရ ဖျော်ဖြေရေးလုပ်ငန်း၊ အပန်းဖြေနေရာ၊ ဟောပြောပွဲ၊ ပျော်ပွဲ၊ ရွှင်ပွဲတွေကလွဲလို့ အရင်က ပိတ်ထားခဲ့တဲ့ ဟိုတယ်၊ တည်းခိုခန်း၊ စျေးဆိုင်တွေ၊ ညစျေးတန်းနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီပါက လုပ်ကိုင်ခွင့်ပြုထားပါတယ်။

ဒါ့အပြင် စားသောက်ဆိုင်၊ လဖက်ရည်ဆိုင်တွေကလည်း ကန့်သတ်ပိတ်ပင်ထားတာ ကြာတာနဲ့အမျှ စားဝတ်နေရေးခက်ခဲလာသလို စည်းကမ်းလိုက်နာမှုလျော့နည်းလာတာကို တွေ့ရတဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆိုင်ထိုင်စားသောက်တာတွေကို စိစစ်ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။

ပြင်ဆင်ချိန် ၁၀ ရက်ပေးထားပြီး ညွှန်ကြားချက်မလိုက်မနာရင် အနိမ့်ဆုံး သတိပေးတာကနေ အမြင့်ဆုံး ဆိုင်ပိတ်တဲ့အထိ အရေးယူမယ်လို့လည်း အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မုံရွာမြို့မှာတော့ ပါးစပ်/နှာခေါင်းစည်းတပ်ကြဖို့ ဌာနဆိုင်ရာတွေအပြင် အရပ်ဘက်အဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းတွေက လိုက်လံအသိပေးတာတွေ ပြုလုပ်နေပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မြို့တွေရဲ့ လူစည်ကားရာ လမ်းဆုံလမ်းခွနေရာတွေမှာလည်း ပါးစပ်/နှာခေါင်းစည်းတပ်ကြဖို့အသိပေး  ဗွီနိုင်းပိုစတာတွေ  ချိတ်ဆွဲထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013