
ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားတယ်လို့ အီရန် ကြေညာချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ငြင်းဆိုလိုက်ပါတယ်။
အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဟော်မုဇ်ရေလက်ကြား ဆက်ပြီးဖွင့်ထားဖို့ အမေရိကန်စစ်တပ်က စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။
အပစ်အခတ်ရပ်စဲထားတဲ့ ရက်ပေါင်း ၆၀ အတွင်းမှာ ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေကို အခွန်မကောက်ရဘူးလို့လည်း ထရမ့်ပ်က ဆိုပါတယ်။
ရက် ၆၀ ကာလပြီးရင်လည်း အမေရိကန်ရဲ့ သတ်မှတ်ပေးတာမျိုးမဟုတ်ဘဲ အီရန်က ဟော်မုဇ်ရေလက်ကြားမှာ အခွန်ကောက်လို့ မရဘူးလို့ Truth Social မီဒီယာမှာ ဖော်ပြထားပါတယ်။
အီရန်ရဲ့ အစ္စလမ်မစ်အစောင့်တပ်ဖွဲ့က ဟော်မုဇ်ရေလက်ကြားကို စနေနေ့အစောပိုင်းက ပိတ်ထားလိုက်ကြောင်းနဲ့ သင်္ဘောတွေ ဒီနေရာကို မချဉ်းကပ်ဖို့ သတိပေးထားပါတယ်။
ဒါဟာ အမေရိကန်နဲ့ အီရန်တို့ကြား အနာဂတ်ငြိမ်းချမ်းရေး သဘောတူညီမှုအတွက် သံသယဖြစ်စရာကောင်းတယ်လို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ အီရန်တို့ သဘောတူညီချက် ရေးထိုးခဲ့ပေမဲ့ အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို တိုက်ခိုက်ခဲ့လို့ သဘောတူညီမှု ချိုးဖောက်တာဖြစ်တာကြောင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်တယ်လို့လည်း အီရန်စစ်ဌာနချုပ်က ပြောထားပါတယ်။
Source: Reuters










