DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာ Case-134  Pan Pacific ဟိုတယ်ဝန်ထမ်း ပိုးကင်းစင်သဖြင့် ဆေးရုံကဆင်း
DVB
·
May 27, 2020
ကိုဗစ်လူနာ Case-134  Pan Pacific ဟိုတယ်ဝန်ထမ်း ပိုးကင်းစင်သဖြင့် ဆေးရုံကဆင်း
1 / 2
Donate to DVB

ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့ရာကနေ ရောဂါကူးစက်ခံရတဲ့ Case-134 Panpacific ဝန်ထမ်းတစ်ဦးဟာ  Negative နှစ်ခါပြလို့ ဒီနေ့ မနက် ဆေးရုံကဆင်းပြီဖြစ်ပါတယ်။

လူနာအမှတ် Case-134 ကိုနိုင်လင်းအောင်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပြီးနောက် တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူနေခဲ့ရတာပါ။

သူ့ကို ပြန်လည် ဓာတ်ခွဲစမ်းသပ် ဆေးပြန်စစ်ဆေးရာမှာ ၅ ကြိမ်မြောက်နဲ့ ၆ ကြိမ်မြောက်တို့မှာ Negative နှစ်ခါပြလို့ ဆေးရုံကဆင်းခွင့်ရခဲ့တာဖြစ်တယ်လို့  Case-134 ကိုနိုင်လင်းအောင်က ဒီဗွီဘီကိုပြောပါတယ်။

“မိသားစုနဲ့ပြန်ဆုံဆည်းရတော့မှာဆိုလို့ အတိုင်းမသိဝမ်းသာမိပါတယ်။ ကျနော်တို့ ပြည်သူတွေလည်း  ဒီကပ်ဆိုးကြီးကနေ အမြန်ဆုံးကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ။”

Case-134 ဆေးရုံက ဆင်းပြီးနောက် ဖောင်ကြီးမှာ Facility Quarantine နှစ်ပတ်၊ Home Quarantine တစ်ပတ်ဆက်နေရမှာ ဖြစ်ပါတယ်။

အတည်ပြုလူနာတွေအနေနဲ့ Negative နှစ်ခါပြရင် ရောဂါပိုးကင်းစင်သူအဖြစ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013