DVB Logo
Home
မြန်မာသတင်း
Mask ချုပ်ပြိုင်ပွဲ တီထွင်ဖန်တီးမှုအကောင်းဆုံးဆု ၃ ဆုကြေညာ၊ သံမဏိလိပ်ပြာ Mask ဖန်တီးရှင်ဗိုလ်စွဲ
DVB
·
May 21, 2020
Mask ချုပ်ပြိုင်ပွဲ တီထွင်ဖန်တီးမှုအကောင်းဆုံးဆု ၃ ဆုကြေညာ၊ သံမဏိလိပ်ပြာ Mask ဖန်တီးရှင်ဗိုလ်စွဲ
1 / 2
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ် ကျင်းပတဲ့ နှာခေါင်းစည်း Mask ချုပ် ပြိုင်ပွဲမှာ တီထွင်ဖန်တီးမှုအကောင်းဆုံးဆုရရှိသူ ၃ ဦးကို ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီဆု ၃ ဆုထဲမှာတော့ သံမဏိလိပ်ပြာအမည်နဲ့ တင်စားပြီး ထူးထူးခြားခြား Maskချုပ် လုပ်ကာ ပြိုင်ပွဲဝင်ခဲ့တဲ့ ပြိုင်ပွဲဝင်  မျိုးကြီးအကောင့်က ပထမ၊ ငြိမ်းချမ်းရေးသင်္ကေတ သံလွင်ခက်ကိုက်ချီထားတဲ့ ချိုးငှက်ပုံ Mask နဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ ချမ်းမြေ့ကိုအကောင့်က ဒုတိယနဲ့ ချောစုအကောင့်က တတိယဆုတွေ အသီးသီး ရရှိသွားကြတာပါ။

ဒုတိယမြောက်နေ့အဖြစ် ဒီဆု ၃ ဆုကို ရွေးချယ်တဲ့နေရာမှာလည်း ဝင်ပြိုင်သူ အားလုံးက စိတ်ကောင်းစေတနာနဲ့ ဝင်ပြိုင်ကြတာလို့ ယုံကြည်တာကြောင့်ရယ်၊ အနုပညာ အမြင်သန်သူတွေများတာကြောင့်ရယ်ကြောင့် သုံးယောက်တည်း ရွေးထုတ်ရတာ ခက်ခဲပြီး Like အများဆုံးရသူဆုထက် ပိုရွေးချယ်ရခက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ပြီးခဲ့တဲ့မေလ ၁၃ ရက်က စတင်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ နှာခေါင်းစည်း Mask ချုပ်ပြိုင်ပွဲကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပြီး အနယ်နယ်အရပ်ရပ်က ပြိုင်ပွဲဝင်လာကြသူ အရေအတွက် ၂၁၁၂၀ ယောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲရဲ့ စည်းကမ်းချက်တွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်လိုသူတွေဟာ အရောင်၊ ဒီဇိုင်း နှစ်သက်ရာ ရွေးချယ်ထားတဲ့ နှာခေါင်းစည်းတခု (တခုထက် များလည်း ရပါတယ်) ကိုယ်တိုင်ချုပ်ရမှာဖြစ်ပြီး လက်နဲ့ပဲ ချုပ်ချုပ်၊ စက်နဲ့ပဲချုပ်ချုပ် ရတယ်လို့ ဖော်ပြထားပါတယ်။

ချုပ်တဲ့အခါမှာတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အဝတ်နဲ့ပြုလုပ်သော နှာခေါင်းစည်းနဲ့ ပတ်သက်တဲ့ သိကောင်းစရာများကို ကိုးကားပြီး ချုပ်လုပ်ရမှာ ဖြစ်ကြောင်း ဖော်ပြထားခဲ့တာပါ။

ပြိုင်ပွဲဝင်ကြသူတွေထဲမှာတော့ ကျော်ကြားသူ အနုပညာရှင်တွေ၊ နာမည်ကြီး ဒီဇိုင်နာတွေကအစ ပြည်တွင်း ပြည်ပမှ ပြိုင်ပွဲဝင်တွေ အမြောက်အမြား ပါဝင်ခဲ့ကြပြီး လက်ရှိမှာတော့ ပြည်သူ အနှစ်သက်ဆုံး။ (Like အများဆုံး)ဆု၊ တီထွင်ဖန်တီးမှု အကောင်းဆုံးဆု၊ လူထုအကျိုးပြုဆု။ (လှူဒါန်းဝေငှရန်လုပ်တဲ့ maskတွေထဲက like အများဆုံး။)နဲ့  ပြိုင်ပွဲဝင်ရခြင်း ရည်ရွယ်ချက် စိတ်ဝင်စားဖွယ်အကောင်းဆုံးဆု ဆိုပြီး ဆု ၁၂ ဆု ရွေးချယ်ချီးမြှင့်မှာဖြစ်ကာ ကျန်းမာရေးဝန်ကြီးဌာနက စိစစ်ရွေးချယ်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူအနှစ်သက်ဆုံး ဆု ၃ ဆု၊ တီထွင်ဖန်တီးမှု အကောင်း ဆုံးဆု ၃ ဆုစတဲ့ဆုတွေ အသီးသီး ထွက်ပေါ်လာခဲ့ပြီဖြစ်ကာ ကျန်တဲ့ဆုတွေကိုလည်း နောက်နေ့တွေမှာ ထပ်မံကြေညာသွားမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

“Mask ပြိုင်ပွဲလုပ်ရတဲ့ အကြောင်းရင်းကတော့ ပြည်သူတွေ mask နဲ့ ယဉ်ပါးပြီး အမြဲတစေ သုံးတဲ့ အလေ့အထ ဖြစ်လာစေချင်လို့ပါ”လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013