DVB Logo
Home
မြန်မာသတင်း
“အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတခွန်းကို တန်ဖိုးထားလို့ ကျနော် ဝင်ပြိုင်တာပါ” Mask ပြိုင်ပွဲ ပထမဆုရှင်
DVB
·
May 23, 2020
“အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတခွန်းကို တန်ဖိုးထားလို့ ကျနော် ဝင်ပြိုင်တာပါ” Mask ပြိုင်ပွဲ ပထမဆုရှင်
Donate to DVB

နိုင်ငံတော် ​၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်တဲ့ Mask ချုပ်လုပ် ပြိုင်ပွဲမှာ တီထွင်ဖန်တီးမှု အကောင်းဆုံးပထမဆုကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာနေထိုင်တဲ့ မျိုးကြီး အကောင့်ပိုင်ရှင်က ရရှိခဲ့ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖိတ်ခေါ်တဲ့ နှာခေါင်းစည်း Mask ချုပ်လုပ်ပြိုင်ပွဲမှာ သူ့အနေနဲ့ ဘာကြောင့် ဝင်ယှဉ်ခဲ့ရသလဲ၊ ပထမဆုရရှိခဲ့တဲ့အပေါ် သူဘယ်လိုခံစားရလဲ၊ သံမဏီလိပ်ပြာ Mask လို့ ဘာကြောင့် အမည်ပေးထားလဲ ဆိုတာတွေကို ဂျပန်အခြေစိုက် ဒီဗွီဘီသတင်းထောက် ဇော်ဇော်လှိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

“ကျနော်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည် ကျင်းပခဲ့တဲ့ Mask ပြိုင်ပွဲကို ဘာကြောင့်ဝင်ပြိုင်ခဲ့ရလဲဆိုတော့ အမေဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် ချုပ်ထားတဲ့ Mask လေးကို လူမှုကွန်ရက်ကနေ ပထမဆုံး တင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာလည်း ကျနော် ကြည့်လိုက်တဲ့အခါမှာ ဂျပန်ပြည်သူအချို့နဲ့ အစိုးရဝန်ထမ်းအချို့ကလည်း ကိုယ်တိုင် ချုပ်ဝတ်နေတဲ့ Mask လေးတွေ ကျနော် မြင်ခဲ့ရတယ်။ Mask က ကိုယ်တိုင်ချုပ်လို့ရပါလားလို့ ကျနော် ပထမ စသိခဲ့ရပါတယ်။ နောက်တော့ အမေက ပြိုင်ပွဲကျင်းပမယ်လို့ ကြေညာလိုက်တယ်။ နောက်ရက်မှာ အမျိုးသားတွေရော ဝင်ရောက်ယှဉ်ပြိုင်လို့ရပါတယ်၊ နှိုးဆော်ပါတယ်လို့ အမေက တိုက်တွန်းတဲ့အခါမှာ အားတက်သရော ဝင်ပြိုင်ချင်စိတ်တွေ ကျနော် ဖြစ်လာတယ်။ အမေက အမျိုးသားတွေရော ဝင်ပြိုင်ပါလို့ ပြောတဲ့အခါမှာ အမှန်တကယ်က ကျနော် ချုပ်တာလုပ်တာ မကျွမ်းကျင်ဘူး။ မကျွမ်းကျင်ပေမယ့် ဝင်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ကျနော်က မက်ဆေ့ချ်တခု လူထုကို ပေးချင်တယ်။ ဆုရမယ်၊ မရတာက ကျနော် မမျှော်မှန်းထားဘူး။ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတခွန်းကို တန်ဖိုးထားလို့ ကျနော် ဝင်ပြိုင်တာပါ။” 

“ဆုရတယ်လို့ သိရတော့ ပထမဆုံး ကျနော် ပျော်ရွှင်ကြည်နူးမိခဲ့တယ်။ ဒီ Mask သံမဏိလိပ်ပြာ ဆိုတာက အမေ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုထားခြင်း ဖြစ်တယ်ဆိုတာ အားလုံး သိပြီးဖြစ်မှာပါ။ ဒီလိုပဲ သံမဏိလိပ်ပြာစိတ်ဓာတ်နဲ့ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဗော်လံတီယာတွေ၊ စေတနာရှင်တွေ၊ ပူးပေါင်းပါဝင်တဲ့ ပြည်သူလူထုတွေအပြင် အတူပြိုင်ပွဲဝင်ခဲ့တဲ့ ပြိုင်ပွဲဝင်များကို ကိုယ်စားပြုပြီးတော့ အကောင်းဆုံးတီထွင်ဖန်တီးမှုဆုကို ကျနော် ရရှိခဲ့တယ်လို့ ခံစားပြီးတော့ ကျနော် အရမ်းပျော်ရွှင်ကြည်နူးမိပါတယ်။”

“ကျနော့်ရဲ့ Mask သံမဏိလိပ်ပြာကို Vote ပေးခဲ့ကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါကြောင်း ပြောချင်ပါတယ်။ ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ဖြစ်တဲ့ Mask တွေကို တန်ဖိုးဈေးသက်သက်သာသာနဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီးတော့ ကိုယ်တိုင်ချုပ်လုပ်တဲ့ Mask တွေကို ဝတ်ဆင်ပြီးတော့ အလေ့အထလေးကို အကောင်အထည်ဖော်ပြီး COVID-19 ကပ်ရောဂါကြီးကို မြန်မာနိုင်ငံသူ နိုင်ငံသားများ ကျော်လွှားနိုင်ခဲ့မယ်ဆိုရင် ကျနော် ပြိုင်ပွဲဝင်ရကျိုးနပ်ပါတယ် ခင်ဗျာ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013