DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် ကျောင်းများရှိ Quarantine စခန်းများကို ပိတ်သိမ်းရန်ညွှန်ကြားသဖြင့် နေရာအခက်အခဲဖြစ်ပေါ်
DVB
·
May 21, 2020
အင်္ဂပူမြို့နယ်တွင် ကျောင်းများရှိ Quarantine စခန်းများကို ပိတ်သိမ်းရန်ညွှန်ကြားသဖြင့် နေရာအခက်အခဲဖြစ်ပေါ်
Donate to DVB

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းက Facility Quarantine စင်တာတွေကို ပိတ်သိမ်းပေးဖို့ ပညာရေးဌာနရဲ့ ညွှန်ကြားချက်ထွက်ပြီးနောက် ပြည်ပက ပြန်လာသူတွေ  ထပ်ရောက်လာလို့ ၂၁ ရက် ကန့်သတ်စောင့်ကြည်ဖို့ နေရာအခက်အခဲ ဖြစ်ပေါ်နေပါတယ်။

အင်္ဂပူမြို့နယ်မှာ COVID-19 အရေးပေါ်ကာလအတွင်းမှာ အခြေခံပညာ အထက်တန်း ကျောင်းတွေကို Facility Quarantine စင်တာအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး ပြည်ထောင်စုအဆင့် ပညာရေးဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျောင်းတွေမှာထားရှိတဲ့ Facility Quarantine Center တွေကို ပိတ်သိမ်းပေးဖို့ ညွှန်ကြားချက် ထွက်ရှိထားတာပါ။ 

အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသ Facility Quarantine Center မှာ စေတနာ့ဝန်ထမ်း လုပ်ပေးနေတဲ့ ကိုအောင်သန်းဌေးက "အဓိကက နေရာပြဿနာ စဖြစ်ပြီလေ။ မနက်ဖြန်က စပြီး တရုတ်ပြန် ၄၅  ဦးထပ်ရောက်မယ်၊ သူတို့ကို ၂၁ ရက်ကန့်သတ်စောင့်ကြည်ဖို့ ခက်သွားပြီ။ ပြီးတော့ ကျနော်တို့ကို ဘယ်နေရာမှ ဘာဆက်လုပ်ကြမယ်ဆိုတာ မပြောကြဘူး။ အဲတော့ ခက်တော့ ခက်ကုန်ပြီ"လို့ ပြောပါတယ်။

အင်္ဂပူမြို့နယ်မှာ ပြည်ပပြန်တွေနဲ့ ပြည်တွင်းရောဂါဖြစ်ရာဒေသတွေက ပြန်လာသူ လူဦးရေ ၃၀၀ ကျော်ကို Facility Quarantine  ၇ နေရာမှာ ကန့်သတ်စောင့်ကြည်နေတာဖြစ်ပြီး Facility Quarantine  ထားရှိတဲ့သူတွေကိုတော့ ဒေသတွင်း အလှူရှင်တွေက စုပေါင်းလှူဒါန်း ကြပါတယ်။

အင်္ဂပူမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်ကတော့ "ကျနော်တို့တွေ ကျောင်းတွေက ဇွန်လ ၁၅ ရက်အတွင်း ရွေ့ပြောင်းဖို့ မြို့နယ်ဆရာဝန်ကြီးဦးဆောင်ပြီး ကော်မတီတွေ ဖွဲ့ထားတယ်။ သူတို့ကနေ စီစဉ်ဆောင်ရွက်နေပါပြီ။ မေလ ၂၅ ရက်နေ့မှာ ဘာတွေ စီမံမယ်၊ ဘယ်နေရာ သုံးမယ်ဆိုတာကို တင်ပြကြရမှာပါ။ သင့်တင့်တဲ့နေရာထိုင်ခင်းရဖို့အတွက် စီစဉ်နေပါတယ်"လို့ ပြောပါတယ်။

သတင်း- သန်းထိုက်မြင့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013