DVB Logo
Home
မြန်မာသတင်း
ကလေးငယ်များကို ကာကွယ်ဆေးထိုးမည့်အစီအစဉ် တရက် လူ ၅၀ နှုန်းဖြင့် ပြန်ခွင့်ပြုမည်
DVB
·
May 18, 2020
ကလေးငယ်များကို ကာကွယ်ဆေးထိုးမည့်အစီအစဉ် တရက် လူ ၅၀ နှုန်းဖြင့် ပြန်ခွင့်ပြုမည်
Donate to DVB

အသက် ၂ လနဲ့ အထက် ကလေးငယ်တွေကို ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်တဲ့ အစီအစဉ်ကို တစ်ရက် လူဦးရေ ၅၀ နှုန်းနဲ့ ပြန်လည်ခွင့်ပြုသွားဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

COVID-19 ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ အသက် ၂ လနဲ့ အထက်ရှိတဲ့ ကလေးငယ်တွေကို  ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်တဲ့ အစီအစဉ်တွေကို ဧပြီလ ၁ ရက်နေ့ကစပြီး ရပ်နားထားခဲ့ရတာပါ။

 မေ ၁၈ ရက်နေ့ကစပြီး  ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်ကို ပြန်လည်စတင်ဖို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါကြောင့် မေ ၁၈ မှာတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ကုတင် ၁၀၀ နဲ့ အထက်ရှိတဲ့ ဆေးရုံတွေမှာ တရက်ကို ကလေးငယ် အယောက် ၅၀ ကိုပဲ ကာကွယ်ဆေးထိုး၊ ဆေးတိုက်တာတွေကိုကို လုပ်ဆောင်နေ ပြီဖြစ်ပါတယ်။ 

ဒါ့အပြင် COVID-19 ရောဂါဖြစ်ပွားတာကို ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးလာထိုးမယ့် ကလေးငယ်တွေနဲ့ ကလေးမိခင်တွေကလည်း မျက်နှာဖုံး၊ နှာခေါင်းစည်းတွေကို  စတာတွေ ဝတ်ဆင်ပြီး ကျန်းမာရေးဌာနက ညွှန်ကြားတဲ့ စည်းကမ်းချက်တွေ အတိုင်း လိုက်နာဖို့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်း က တိုက်တွန်းထားပါတယ်။

လာမယ့်  ဇွန်လ ၁ ရက်နေ့မှာတော့ တနိုင်ငံလုံးမှာရှိတဲ့၊ မြို့နယ်အဆင့်၊ မြို့နယ်အဆင့်အောက်၊ တိုက်နယ်၊ မိခင်ကလေး၊ ဒေသန္တရ၊ မြို့မ၊ ကျေးလက်ကျန်းမာရေးနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ကာကွယ်ဆေးထိုး၊ ဆေးတိုက်တာတွေ လုပ်ဆောင်သွားဖို့ကိုလည်း ညွှန်ကြားထားပါတယ်။ 

သက်ဆိုင်ရာပြည်သူ့ဆေးရုံ၊ မိခင်ကလေး၊ ဒေသန္တရနဲ့ မြို့နယ်ကျန်းမာရေးဌာနတွေမှာ  တပတ်မှာ ၅ ရက် နှစ်ပတ်ဆက်တိုက် ဆောင်ရွက်မှာ ဖြစ်ပြီး နောက်ပိုင်းတွေမှာလည်း တပတ်ကို အနည်းဆုံး ၁ ရက် ထိုးပေးသွားမယ်လို့ လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်ရူပါစိုးက ပြောပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးထိုးစုရပ်တွေမှာ ကာကွယ်ဆေးထိုးတာတွေအပြင် မိခင်နဲ့ ကလေးကျန်းမာရေး အသိပညာပေးတာတွေနဲ့ ကလေးအဟာဖွံ့ဖြိုးရေးလုပ်ငန်းတွေပါ တွဲဖက်ဆောက်ရွက် သွားမယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။  

ကာကွယ်ထိုး၊ ဆေးသောက်မယ့် ကလေးငယ်တွေကတော့ အသက် ၂ လ၊ ၄ လ၊ ၆ လ၊ ၉ လကနေ အသက်၁ နှစ်ခွဲအရွယ်အထိ ကာကွယ်ဆေးထိုးတာတွေ လုပ်ဆောင်ရမှာဖြစ်သလို သတ်မှတ်လတွေမှာ ကာကွယ်ဆေးမထိုးရသေးတဲ့ ကလေးငယ်တွေကိုလည်း ခွင့်ပြုသွားမယ်လို့ တောင်ဒဂုံမြို့နယ် လေးဒေါင့်ကန် ကျေးလက်ကျန်းမာရေးဌာနမှ ဒေါ်အေးသန္တာကျော်က ပြောပါတယ်။

ကာကွယ်ဆေးအမျိုးအစားတွေကတော့ ဝက်သက်၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါနဲ့  ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး စတာတွေပဲဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013