DVB Logo
Home
Lead Story
အိမ်ပြင်ထွက် ကစားခြင်းနည်းပါးသည့် ကလေးငယ်များ ကျန်းမာပျော်ရွှင်မှု ထိခိုက်
DVB
·
February 7, 2024
အိမ်ပြင်ထွက် ကစားခြင်းနည်းပါးသည့် ကလေးငယ်များ ကျန်းမာပျော်ရွှင်မှု ထိခိုက်
Donate to DVB

ကလေးငယ်တွေဟာ အိမ်ပြင်ပမှာထွက်ပြီး ကစားတာနည်းပါးတဲ့အတွက် ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို  ထိခိုက်မှုရှိနေကြတယ်လို့ အင်္ဂလန်က ပရဟိတအဖွဲ့တွေက သတိပေးနေကြပါတယ်။

လွှတ်တော်အမတ်တွေက အစီအစဉ်ဆွဲတာနဲ့ ကလေးတွေရဲ့ ကျန်းမာရေးအတွက် စုံစမ်းမှုတွေ စတင်နေပြီဖြစ်တာကြောင့် ပြင်ပမှာကစားဖို့ နေရာ‌တွေကို ဦးစားပေးလုပ်ဆောင်ဖို့ ပရဟိတအဖွဲ့တွေက အစိုးရကို တောင်းဆိုထားပါတယ်။

ကလေးတွေနဲ့ လူငယ်တွေရဲ့ ပြင်ပမှာ ကစားဖို့လိုအပ်မှုကို ဦးစားပေးဖို့ ငြင်းဆိုထားတဲ့ မူဝါဒချမှတ်သူတွေဟာ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို ကြီးမားစွာ ထိခိုက်စေကြောင်း ပရဟိတအဖွဲ့တွေက ပြောကြားခဲ့ပါတယ်။

Playing Out အဖွဲ့မှ အဲလက်စ်ဖာဂူဆန်က “အရင်မျိုးဆက်တွေနဲ့ နှိုင်းယှဉ်ရင် ပြင်ပပတ်ဝန်းကျင်မှာ ပြောင်းလဲမှုတွေကြောင့် ကလေး‌တွေရဲ့ဘဝဟာ မယုံနိုင်လောက်အောင် ကန့်သတ်ချက်တွေ ရှိလာတယ်။ အိမ်တွင်း၊ အထီးကျန်ပြီး မလှုပ်ရှားနိုင်တော့ဘူး။ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို ကြီးမားစွာ မြှင့်တင်ပေးနိုင်ပြီး ဘေးကင်းတဲ့ ရပ်ကွက်တွေ၊ လမ်းတွေကို ကလေးတွေနဲ့ ပိုအဆင်ပြေအောင် လုပ်ပေးပြီး နေ့စဉ် အပြင်ထွက်ပြီး ဆော့ကစားနိုင်စေခြင်းအားဖြင့် အစိုးရက ဒီအခြေအနေကို ပြောင်းပြန်လှန်နိုင်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

ဂျာမနီ၊ နော်ဝေနဲ့ ဆွီဒင်တို့ အပါအဝင် တခြားနိုင်ငံအများအပြားက မြို့ကြီးတွေဟာ ကလေးသူငယ်တွေနဲ့ ပိုမိုအဆင်ပြေစေဖို့အတွက် သက်ဆိုင်ရာ အမျိုးသားရေးမူဝါဒတွေ ဒါမှမဟုတ် လမ်းညွှန်မှုတွေ ရှိတယ်လို့ အဖွဲ့အစည်းတွေက ဆိုပါတယ်။

စုံစမ်းရေးအစီအစဥ် အဆင့်မြှင့်တင်ရေး၊ အိမ်ရာနှင့် ရပ်ရွာလူထုကော်မတီကို ဦးဆောင်နေတဲ့ အလုပ်သမား ပါလီမန်အမတ် ကလိုက်ဗ်ဘတ်စ်က “အင်္ဂလန်နိုင်ငံတဝန်းက မြို့ကြီးတွေ၊ မြို့ငယ်တွေနဲ့  ကျေးလက်ဒေသတွေမှာ ကလေးငယ်တွေနဲ့ လူငယ်တွေဟာ ပြင်ပနေရာတွေမှာ ဘယ်လိုတွေ့ကြုံခံစားနေရမယ် ဆိုတာကို ပိုသိချင်ပါတယ်” လို့ ဆိုပါတယ်။

ဒေသခံနဲ့ ဗဟိုအစိုးရရဲ့ ဘယ်မူဝါဒ စွက်ဖက်မှုမျိုးက ကလေးတွေကို ပြင်ပလူနေမှု ဘဝပုံစံတွေကို ခံစားစေပြီး တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံနိုင်စေမယ့် လမ်းတွေ၊ အိမ်တွေ၊ ရွာတွေ၊ ရပ်ကွက်တွေနဲ့ ပန်းခြံတွေကို ပို့ဆောင်ပေးနိုင်အောင် ကူညီပေးနိုင်မှာလဲလို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။

ဆင်းရဲမွဲတေမှု သိသိသာသာ ဆိုးရွားလာတာကြောင့် ကလေးတွေနဲ့ လူငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ ဆိုးရွားပြီး ရေရှည်မှာ ကျဆင်းနေကြောင်း အထောက်အထားတွေအရ ပရဟိတအဖွဲ့တွေက ဆိုပါတယ်။

Playing Out၊ Save the Children UK၊ Wildlife နဲ့ Countryside Link တို့ ပါဝင်တဲ့ ညွန့်ပေါင်းအဖွဲ့မှာ ကလေးတွေဟာ အပြင်ထွက်ပြီး တက်ကြွကာ သူငယ်ချင်းတွေနဲ့ ကစားကာ ကျောင်းကို လမ်းလျှောက်တာ ဒါမမဟုတ် စက်ဘီးစီး လုပ်ချင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့က အဲ့ဒီလိုလုပ်ဆောင်နိုင်ဖို့ အတားအဆီး‌တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ကလေးအထူးကုနဲ့ ကလေးကျန်းမာရေး တော်ဝင်ကောလိပ်ရဲ့ ၂၀၂၃ ခုနှစ်က အစီရင်ခံစာတခုမှာ ချို့တဲ့နွမ်းပါးတဲ့ အသိုက်အဝန်းတွေမှာ ကလေး‌တွေရဲ့ ကျန်းမာရေးဟာ “ကြောက်စရာကောင်းတဲ့ ပုံရိပ်” ကို လှစ်ဟပြသ သလိုပါပဲလို့ ဆိုခဲ့ပါတယ်။

“ကလေးအထူးကုဆရာဝန်တွေက ဒီအချက်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မပြောနိုင်ပါဘူး။ ကလေးကျန်းမာရေးဟာ အကျပ်အတည်းတခုဖြစ်နေပြီး များပြားလာတဲ့ ကျန်းမာရေး မညီမျှမှုတွေကို လျစ်လျူရှုလို့ မရတော့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ပရဟိတအဖွဲ့တွေကလည်း အင်္ဂလန်ရှိ အစိုးရမူဝါဒ‌တွေဟာ ဆယ်စုနှစ်များစွာကြာအောင် ကလေးတွေရဲ့ ကျန်းမာဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ နေရာတွေကို ဖန်တီးဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောပါတယ်။

အသွားအလာများတဲ့ ရပ်ကွက်၊ အရည်အသွေးနိမ့် အိမ်ရာပုံစံ၊ အဆောက်အဦ မလုံလောက်တာ၊ ပန်းခြံတွေ၊ စိမ်းလန်းတဲ့နေရာတွေ နည်းပါးတာနဲ့ တခြားသော အရည်အသွေးမြင့် သဘာဝနေရာတွေ နည်းပါးတာဟာ ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပြီး သူတို့ရဲ့ ဘဝအရည်အသွေးကို ထိခိုက်စေပါတယ်။

စီးပွားရေးချို့တဲ့မှုနဲ့ လူမျိုးရေး မညီမျှမှုတွေဟာလည်း ကလေးတွေရဲ့ ပြင်ပကစားခွင့်၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ စိမ်းလန်းတဲ့ နေရာလွတ်တို့ကို ပေါင်းစပ်ဝင်ရောက်မှု မရှိခြင်းအတွက် သိသာထင်ရှားတဲ့ နောက်ဆက်တွဲအချက်တွေ ဖြစ်ပါတယ်။ ယောက်ျားလေးတွေထက် မိန်းကလေးတွေက အပြင်မှာကစားချိန် ပိုနည်းတယ်ဆိုတဲ့ အထောက်အထားတွေလည်း ရှိပါ‌သေးတယ်။

“ဘောလုံးမကစားရဧရိယာ” လို မူဝါဒတွေဟာ ကလေးတွေကို အခမဲ့ကစားနိုင်တဲ့ နေရာတွေကို ဝင်ရောက်ခွင့်ကို ပိုမိုကန့်သတ်ထားကြောင်း အဖွဲ့တွေက ပြောကြားခဲ့ပါတယ်။

ဗြိတိန်တဝန်းက လူမှုရေးအိမ်ရာ အစီအစဉ်တွေမှာတော့ ‘ဘောလုံးမကစားရ’ ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ ယဉ်ကျေးမှုတွေဟာ ပျံ့နှံ့နေဆဲ ဖြစ်ပါတယ်။

ရေးသူ- ဆန္ဒြာလဗီးလ်

ဘာသာပြန်- လီလီ

( The guardian သတင်းစာမှာ  Sandra Laville ရေးသားထားသည့်  “Children suffering due to lack of outdoor play, UK charities warn” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013