DVB Logo
Home
မြန်မာသတင်း
မြန်မာအိုင်ဒေါစတား ဘင်ဂျမင်ဆုန်းသီချင်းသစ်-“ပြန်တွေ့မယ့်ရက်” (ရုပ်သံ)
DVB
·
May 18, 2020
မြန်မာအိုင်ဒေါစတား ဘင်ဂျမင်ဆုန်းသီချင်းသစ်-“ပြန်တွေ့မယ့်ရက်” (ရုပ်သံ)
Donate to DVB

       “တကယ်တမ်းတော့… ဘယ်နေချင်မလဲပေါ့… ကိုယ့်မွေးရပ်မြေမဟုတ်တဲ့ နေရာ… ခက်ခဲခဲ့တဲ့ ခံနိုင်ရည်ကိုမွေး… ဒါမိသားစု စားဝတ်နေရေး… ကိုယ်ချစ်တဲ့ သူတွေနဲ့ ဝေးတဲ့… ဒီခံစားချက်က ဆိုးတယ်… ပြန်တွေ့ရဖို့… အချိန်တွေ အမြန်ကုန်ဖို့… ဆု တောင်းရင်း အထီးကျန်ခဲ့”

       ဒီသီချင်းကတော့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ ပရိသတ်အားပေးမှုနဲ့တဆင့် တက်လျှောက်လှမ်းလာခဲ့တဲ့ ချင်းတိုင်းရင်းသားအဆိုတော် ဘင်ဂျမင်ဆုန်းရဲ့ သီချင်းသစ် တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

       “ပြန်တွေ့မယ့်ရက်” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ စောထက်နိုင်စိုးက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး Legacy Music ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားတာပါ။

       “သတိရတဲ့ စိတ်တွေ… ရင်ထဲ ထိန်းမရနိုင်… ဘယ်လိုဆက်ပြီး ရှေ့ဆက်နိုင်မှာလဲ… ငါ တယောက်တည်း… အမြန်ပြီးဆုံးဖို့ပဲ မျှော်လင့်ရင်း… အားတင်းထားတယ်… ပြန်တွေ့ရမယ့်ရက်ကို ကြိုတွေးနေမယ်”

ဘင်ဂျမင်ဆုန်းဟာ ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါ Season 4 သီချင်းဆိုပြိုင်ပွဲမှာ အဆင့်ဆင့် သီဆိုယှဉ်ပြိုင်မှုတွေနဲ့အတူ နောက်ဆုံး Finalists ၃ ယောက်အဆင့်ထိ ပါဝင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ပြိုင်ပွဲတလျှောက်မှာလည်း ဖြူဖြူကျော်သိန်းအငယ်စားလေးလို့ တင်စားပြောဆိုရတဲ့အထိ ထူးခြားတဲ့ Performance တွေနဲ့ တင်ဆက်ခဲ့လို့ ချီးကျူးမှုတွေလည်း ရရှိခဲ့သူပါ။

သိပ်မကြာခင်ကလည်း နာမည်ကြီးအဆိုတော် ဖြူဖြူကျော်သိန်းနဲ့အတူ ကွယ်လွန် သွားခဲ့ပြီဖြစ်တဲ့ နာမည်ကြီး အဆိုတော် အဲလ်ဗစ်စ်ပရက်စလေရဲ့ Can’t Help Falling In Love With You သီချင်းကို Cover အနေနဲ့ ပြန်လည်သီဆိုခဲ့ကြပါသေးတယ်။

       ခုတခါမှာတော့ တမူထူးခြားတဲ့ သူ့ရဲ့ သီဆိုဟန်နဲ့ သီချင်းသစ်တပုဒ်ကို ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

       “အရင်တုန်းက အချိန်တွေကို လွမ်းကာ… ငါပြန်တွေးရင်း ဝမ်းနည်းလိုက်တာ… မထင်ထားခဲ့တဲ့ ဒီအခြေအနေကြီး… ပိုပိုပြီးတော့ စိတ်ပူနေမိ… သတိရတဲ့ စိတ်တွေ… ရင်ထဲ ထိန်းမရနိုင်… ဘယ်လိုဆက်ပြီး ရှေ့ဆက်နိုင်မှာလဲ… ငါတယောက်တည်း…  အမြန်ပြီးဆုံးဖို့ပဲ မျှော်လင့်ရင်း… အားတင်းထားတယ်… ပြန်တွေ့ရမယ့်ရက်ကို ကြိုတွေးနေမယ်”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013